အကယ်ဒမီဆု ချီးမြှင့်ရန်အတွက် ဇာတ်ကားတွေကို ကြည့်ရှုတဲ့ အချိန်မှာ အကဲဖြတ်
ဒိုင်များအနေနဲ့ ဟာသကားဖြစ်လို့ အကယ်ဒမီ မပေးတာမျိုး မဖြစ်စေလိုဘဲ၊
ဟာသကား ဖြစ်စေ၊ ဒရမ်မာကားဖြစ်စေ ဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့
သရုပ်ဆောင်မှု အတတ်ပညာကိုသာ ကြည့်ရှု အကဲဖြတ်စေ လိုပါတယ်လို့ သရုပ်ဆောင်
အိနြာကျော်ဇင်က The Voice ကို ပြောပါတယ်။
အဲဒီအကြောင်းနဲ့
ပတ်သက်ပြီး “အစ်မကတော့ အကယ်ဒမီကို ဟာသကားပဲဖြစ်ဖြစ်၊ ဒရမ်မာကား ဖြစ်ဖြစ်
ပါဝင် သရုပ်ဆောင်ထားတဲ့ အနုပညာရှင်က ဘယ်လောက်အထိ ကောင်းလဲ၊ ဘယ်လောက်အထိ
တော်လဲဆိုတဲ့ သရုပ်ဆောင်မှု အတတ်ပညာကိုပဲ အဓိက ကြည့်ပြီး ပေးစေချင်တယ်။
ဟာသကားမို့လို့ အကယ်ဒမီ မပေးတာမျိုးတော့ မဖြစ်စေချင်ဘူး။ အကယ်၍ ဟာသကားမှာ
အဲဒီအနုပညာရှင်ရဲ့ အိုက်တင်က ပေါ့ပေါ့ပါးပါးပဲ ဆိုရင်တော့ မပေးနဲ့ပေါ့နော်”
လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ယခုနှစ် အကယ်ဒမီ
ထူးချွန်ဆုပေးပွဲမှာ အမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ညွန့်ဝင်း၊
ကျော်ဟိန်း၊ လူမင်း၊ ပြေတီဦးတို့ထဲက ရလိမ့်မယ်လို့ ကြားပြီး၊ အမျိုးသမီး
ဇာတ်ဆောင်ဆုကို နဝရတ်၊ ဖွေးဖွေး၊ အမျိုးသမီး ဇာတ်ပို့ဆုကို စိုးမြတ်သူဇာ၊
ချောရတနာတို့ထဲက ရမယ်လို့ ကြားနေကြောင်း၊ အကယ်ဒမီပွဲကိုတော့ အစ်မဖြစ်သူ
ဒီဇိုင်နာ အိကျော်ဇင် (Vivid) ချုပ်ပေးတဲ့ ဝတ်စုံနဲ့ ပွဲတက်မှာ ဖြစ်ကြောင်း
အိန္ဒြာကျော်ဇင်က ထပ်လောင်း ပြောကြားပါတယ်။
The Voice Weekly
No comments:
Post a Comment