သတင်းထောက်များကို ဖွင့်ပွဲအနီးကပ်မှ ကွင်းဝင်ခွင့်အရေအတွက် ကန့်သတ်ခံရမှုတွေရှိပါတယ်။
“ပွဲကိုတက်ရောက်ကြမယ့် နိုင်ငံ့အကြီးအကဲ အပါအဝင် နိုင်ငံတကာက အကြီးအကဲတွေ အတွက်လည်း လုံခြုံရေးလည်း စီမံရတယ်၊ ကွင်းထဲကို လာကြမယ့် အားကစားသမားတွေ အတွက်လည်း နေရာစီစဉ်ပေးရ တာကြောင့် အိုလံပစ်ကော်မတီနဲ့ ညှိနှိုင်းတော့ ထိုင်ခုံ ၃၀၀ က မီဒီယာတွေအတွက် ရတာကြောင့် နိုင်ငံ တကာနဲ့ ပြည်တွင်း မီဒီယာတွေအတွက် အချိုးချ စီစဉ်ပေးလိုက်တာပါ” လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ IBC ခန်းမမှာ ဧရာဝတီ သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောကြား ပါတယ်။
ဆီးဂိမ်း ပြိုင်ပွဲများအတွက် ပြုလုပ်ထားသည့် မီဒီယာဝင်ထွက်ခွင့် (E) ကတ်များ ကိုင်ဆောင်ထားသည့် သတင်းမီဒီယာများ အနေဖြင့် ဂျာနယ်တိုက် (သို့မဟုတ်) သတင်းဌာန တခုလျှင် ၅ ဦးနှင့်အထက် စာရင်းတင်ပြထားပါက ကွင်းဝင်ခွင့်လက်မှတ် ၂ စောင်၊ ၅ ဦးအောက် စာရင်းပေးထားတဲ့ မီဒီယာတွေက ကွင်းဝင်ခွင့်လက်မှတ် ၁ စောင်နဲ့သာ ဝင်ခွင့်ရရှိတာကြောင့် အခက်အခဲတွေဖြစ်သွားခဲ့ပါတယ်
ဧရာဝတီblog
No comments:
Post a Comment