Pages

20.12.13

"သန်လျင် ဆုတောင်းပြည့်ပရဟိတဂေဟာသို့ တရုတ်မှ ကျပ် သန်း ၁၂၀ လှူဒါန်း"

သန်လျင်မြို့နယ်ရှိ ဆုတောင်းပြည့်အမျိုးသားပရဟိတ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ တရုတ်နိုင်ငံမှ မြန်မာငွေကျပ် သန်း ၁၂၀ နှင့်ဆန်အိပ် ၁၅၀ကို ယနေ့လှူဒါန်းခဲ့သည်။

"သန်လျင်မြို့နယ် ဆုတောင်းပြည့်စာသင်ကျောင်းမှာ ကျောင်းသား ၁၇၀၀ ကျော်ရှိနေပြီး၊ အများစုဟာ တိုင်းဒေသကြီးအသီးသီးက

မိဘမဲ့ကလေးများရယ်၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသကရောက်လာတဲ့ကလေးများရယ်ဖြစ်ကြပါတယ်။ ဒါပေမယ့်စာသင်ဆောင်နဲ့ နေထိုင်ဆောင်တွေမလုံ မလောက်ဖြစ်နေတာကြာင့် တရုတ်သံရုံးကနေ
အကြိမ်ကြိမ်ကွင်းဆင်းလေ့လာခဲ့ပြီးတဲ့နောက်၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းနဲ့ပူးပေါင်းပြီး ခုလို လှူဒါန်းဖို့ဆုံးဖြတ်လိုက်တာပါပဲ"ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟောင်းလန် ကပြောပါသည်။

ယခုလှူဒါန်းသည့်ငွေဖြင့် သုံးထပ်စာသင်ကျောင်းဆောင်သစ်တစ်ခုကိုတည်ဆောက်လျှက် စာသင်ကျောင်း၏ သင်ကြားပို့ချရေးအခြေအနေနှင့် နေထိုင်ရေးအခြေအနေများပိုမိုကောင်းမွန်လာစေရန်၊ မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးတို့အတွက် မျှော်လင့်ကာ လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟောင်းလန်၊ ဆုတောင်းပြည့်ပရဟိတကျောင်းမှ ဆရာတော်များ၊
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

PP

No comments:

Post a Comment