မြန်မာ-အိန္ဒိယ နယ်စပ်အခြေအနေတင်းမာနေ မြန်မာ-အိန္ဒိယနယ်စပ်၊ တ
မူးမြို့တွင်ဖြစ်ပွားနေသောအငြင်း ပွားဖွယ်ဖြစ်နေသော ဘီပီ (၇၇) နှင့် (၇၉)
နယ်မြေအတွင်း အိန်္ဒိယ အစိုးရဘက်မှ(ICP) ရုံးတည်
ဆောက်နေခြင်းများ နှင့်ပတ်သက် ၍ မြန်မာအစိုးရဘက်မှတားမြစ် ကန့်ကွက်စာများ
ပေးပို့ထား သော် လညိး အမှတ် (၉) အာသံ တပ် ရင်းမှူးမှ ဗဟိုအစိုးရမှလုပ်ဆောင်
ခိုင်းသည်ဟုဆိုကာအဆောက်အအုံ များ ဆောက်လုပ်နေခြင်းများနှင့် ပတ်သက်၍
နှစ်နိုင်ငံတင်းမာနေ သည့်အခြေအနေများ ဖြစ်ပေါ် နေပြီး အိန္ဒိယအစိုးရဘက်မှ တပ်
ရင်း (၄)
ရင်းဖြင့် နေရာယူထားပြီး မြန်မာဘက်မှ တပ်ရင်းတစ်ရင်း သာ
နယ်စပ်တွင် နေရာယူထား ကြောင်း သိရှိရပြီး ၄င်းပြဿနာ ဖြစ်ပွားနေသော
နေရာများကို ပိတ်ဆို့ထားကြောင်းနှင့် လုံခြုံရေး
များချထားကြောင်းသိရှိရပါသည်။ ယင်းပြဿနာများနှင့် ပတ် သက်၍ ဒေသခံ၏အရပ်ဘက်
အဖွဲ့အစည်းများဖြစ်ကြသောတမူး လူငယ် ကွန်ရက်၊အထက်ချင်းတွင်း
ဒေသလူငယ်များကွန်ရက်တို့မှ အိန်္ဒိယ အစိုးရ ၏လုပ်ရပ်များကို
ကန့်ကွက်ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်းလည်း သိရှိရပါ သည်။
ယင်းကွန်ရက်များမှတာဝန် ရှိ လူငယ်တစ်ဦးမှပြောကြားရာ မှာ ““ကျွန်တော်တို့
အနေနဲ့ အခု အခြေအနေကို လုံးဝလက်မခံပါ ဘူး။
သက်သက်မဲ့နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါး စော်ကားတယ်လို့ ယူဆပါတယ်။
မြန်မာအစိုးရဘက်ကလည်း ကန့် ကွက်တာတွေ လုပ်နေ တဲ့ကြားက
အတင်းလုပ်ဆောင်နေတာကို ကြည့်ရရင် အိန်္ဒိယအစိုးရဟာ
နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက် ပြားစေဖို့ လုပ်နေတယ်လို့ ယူဆ ပါတယ်။ အခု
မြန်မာအစိုးရ ဒုတိယကာကွယ်ရေးဦးစီးချုပ် အဲဒီမှာရောက်နေတယ်လို့ သိရ ပါတယ်။
သူ့အနေနဲ့လည်း အခု ဖြစ်နေတဲ့ပြဿနာတွေကို အိန္ဒိယ ဗဟိုအစိုးရကို
ပြောကြားပေးဖို့ ကျွန်တော်တို့လိုလားပါတယ်။နောက်ပြီး ရန်ကုန်မှာ ဒီဇင်ဘာ
၂၈-၂၉ မှာလုပ်မဲ့အိန္ဒိယ-မြန်မာ အစည်းဝေးမှာ အခုပြဿနာတွေ
ဆွေးနွေးဖို့လိုလားပါတယ်။ ပြည် ထောင်စုလွှတ်တော် နာယကဦးရွှေ မန်းလာတုန်းက
အဲဒီကိစ္စတွေ တင်ပြခဲ့ပါတယ်။ အခု ပိုဆိုးလာ ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့
အိန္ဒိယဗဟိုအစိုးရတို့ ညှိနှိုင်းဖြေ ရှင်းပေးဖို့လိုပါတယ်””ဟု ပြော
ကြားခဲ့သည်။ ပြသနာဖြစ်ပွားနေသည့် ကာလ တွင် အမှတ် (၉) အာသံ တပ်ရင်းမှ
နယ်စပ်ရှိမြန်မာအလုပ် သမားများ ကိုရိုက်နှက်ကာ မောင်း ထုတ်မူများအပြင်
၎င်းနယ်စပ်ကို သတင်းမီဒီယာများ မှတ်တမ်းယူ ပါက လုံးဝလက်မခံဘဲဟန့်တား
မူများတွေ့ရကြောင်း ယင်းလူငယ် အဖွဲ့မှ ပြောကြားပါသည်။ တမူး လူငယ်ကွန်ယက်မှ
ကိုခင်မောင်လှကတော့““ဒီဇင်ဘာ (၂၄) ရက်မှာ တမူးမြို့ထဲမှာ ဆန်္ဒ
ထုတ်ဖော်ပါတယ်။ ခွင့်ပြုချက် ရရ၊မရရလုပ်ပါမယ်၊ကျွန်တော်တို့
ကဘော်ချိုင့်ဝှမ်းက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာထဲမှာ ရှိပါ တယ်။
အဲဒါကို နိုင်ငံတကာသိ အောင်ပြမှာပါ””ဟု ပြောကြား သည်။ အိန္ဒိယ
နှင့်မြန်မာနယ်စပ်တွင် အငြင်းပွားနေသော မှတ်တိုင်(၉) တိုင်ကျန်ရှိ
နေကြောင်းနှင့် တမူး ခရိုင်အတွင်း ကျူးကျော်မူများ ကြောင့် တာဝန်ရှိ
သူများဘက်မှ တားမြစ်ကန့်ကွက်စာများပို့သော် လည်း မဏီပူအစိုးရဘက်မှ လေး စား
လိုက်နာခြင်းမရှိကြောင်းသိရှိ ရပြီး ယင်းပြဿနာများကို နှစ်
နိုင်ငံထိပ်ပိုင်းအစိုးရများမှအမြန် ဆုံး ဖြေရှင်းပေးရန် လိုအပ်နေ
ကြောင်းသိရှိရပါသည်။
မြစ်သာ(ကလေး)
No comments:
Post a Comment