Pages

17.12.13

ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း

အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။


ရုပ်ရှင်ဇာတ်ကားများ မပြတ်တမ်း ရိုက်ကူးနေရသည့် အမ်မာစတုန်းတစ်ယောက် လတ်တလောတွင် ဟာဝိုင်ယီဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ Amazing Spiderman မင်းသမီးသည် ဟာဝိုင်ယီ ကမ်းခြေတစ်ခုတွင် တနင်္လာနေ့က ချမ်းချမ်းစီးစီးဖြင့် ရုပ်ရှင်ရိုက်နေခဲ့သည်။ အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။ အမ်မာသည် ဘီကနီ ဝတ်ထားသော်လည်း အပေါ်မှထပ်၍ တီရှပ်အဖြူနှင့် ဘောင်းဘီတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ ရိုက်ကွင်းပေါ်တွင် သူမနှင့်အတူ အင်္ကျီစိမ်းပြာရောင်နှင့် အခြားမိန်းကလေး တစ်ဦးလည်း ရှိနေခဲ့သည်။

အမ်မာသည် ရေထဲမှ ပြန်တက်လာပြီးနောက် လှော်တက်တစ်ချောင်းနှင့် ရေစိုခံ ကင်မရာ တစ်လုံးကို သယ်ယူသွားခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ကင်မရွန်ခရိုဝီက တာဝန်ယူထားပြီး အမ်မာနှင့်အတူ ဘရက်ဒ်လေကူးပါ၊ ရေချယ်လ် မက်အဒမ်စ်၊ ဘီလီမာရေးတို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ ဇာတ်ကားအမည်ကိုမူ အတိအကျ မသတ်မှတ်ရသေးဟုလည်း သိရသည်။ အမ်မာသည် Amazing Spiderman ရုပ်ရှင်ဖြင့် ကမ္ဘာသိ ကျော်ကြားလာပြီး အဆိုပါ ဇာတ်ကားမှ သရုပ်ဆောင်မင်းသား အန်ဒရူး ဂါဖီးလ်နှင့်လည်း ချစ်သူများ ဖြစ်လာခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment