တင်းနစ်ပြိုင်ပွဲတွေ နားထားပေမယ့် ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား နာဒယ်ကတော့
ချန်ပီယံဆုတစ်ခုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချက်နိုင်ငံမှာ ကျင်းပခဲ့တဲ့
ဥရောပပိုကာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁) ပိုကာသမား
နီဂရီယာနူကို အနိုင်ကစားပြီး ဥရောပပိုကာ ချန်ပီယံဘွဲ့ ဆွတ်ခူးခဲ့တာပါ။
အဲဒီပြိုင်ပွဲမှာ အေစီမီလန် တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို၊ နာမည်ကျော်
အီတလီ နှင်းလျှောစီးသမား တွမ်ဘာတို့ ပါဝင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ
ကျင်းပရေးကော်မတီအဖွဲ့ဝင် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုလည်း
ပါဝင်ခဲ့ပါတယ်။
နာဒယ်ရဲ့ သူ့ရဲ့ကလေးဘ၀သူရဲကောင်း ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရလို့
တော်တော်ပျော်ရွင်ခဲ့ရသလို ချန်ပီယံဆုအဖြစ် ယူရို တစ်သိန်းချီးမြှင့်တဲ့
ဒီပိုကာပွဲမှာ အနိုင်ရခဲ့တဲ့ နာဒယ်အနေနဲ့ ဆုကြေးငွေတွေကို ရန်ပုံငွေအဖြစ်
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရမှာဖြစ်လို့ ပျော်ရွင်စရာတွေနဲ့ ရက်သတ္တပတ်
ဖြစ်ခဲ့ပါတယ်။
http://yoyarlay.com/sport/other-sports/39335-2013-12-19-17-51-48
No comments:
Post a Comment