Pages

14.12.13

ပေါက်တာ ဘင်္ဂါလီ ဒုက္ခသည်စခန်း မီးလောင်မှု အိမ်ထောင်စု သုံးရာနီးပါး အိုးအိမ်မဲ့

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၂၈၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုသည် ထမင်းချက်ရာမှ လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ထောင်စု ရှစ်စုစီ နေထိုင်သည့် တန်းလျား ၃၄ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ငှက်ချောင်း ဒုက္ခသည်စခန်းမှာ အမျိုးသားတစ်ဦးက ဆိုသည်။
“ဟင်းချက်ဖို့အတွက် ဆီချက်နေတယ်။ အဲဒီအချိန်မှာ ကလေးငိုနေလို့ သွားယူတဲ့ အချိန် မီးလောင်တာပါ” ဟု ဟင်းချက်ပြုတ်သည့် အမျိုးသမီး ပြောဆိုချက်ကို ကိုးကားကာ ၎င်းကပြန်လည် ပြောဆိုသည်။



ငှက်ချောင်း ဒုက္ခသည်စခန်း မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေပြီး ယင်းဒုက္ခသည်စခန်းတွင် လုံခြုံရေး လုံလုံလောက်လောက် ချထားကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့ခစန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးသာလူချေတို့ လာရောက် စစ်ဆေးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားသည့် တန်းလျားမှ တာဝန်ရှိသူ တစ်ဦးကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးသွားကြောင်း၊ သို့သော်လည်း မီးလောင်မှု စတင်ခဲ့သည့် ဟင်းချက်ပြုတ်သူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခြင်း မရှိသေးကြောင်း ငှက်ချောင်း ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

ငှက်ချောင်း ဒုက္ခသည်စခန်းတွင် တန်းလျား ၈၀ ခန့် ရှိသည့်အနက် တန်းလျား ၃၄ လုံး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် နေစရာ အခက်အခဲ ဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။


The Voice Weekly

No comments:

Post a Comment