အီရန်က ကာမာမြို့အရှေ့တောင်ပိုင်းတွင် ဗြိတိန် လျှို့ဝှက်ထောက်လှမ်းရေး
အမ်အိုင်-၆ မှ စပိုင်တစ်ဦးကို ဖမ်းဆီးခဲ့ ကြောင်း ဒီဇင်ဘာ ၁၄ရက်က
အတည်ပြုပြောကြားခဲ့သည်။ ကာမန်မှ တရားရုံးက
ဖမ်းဆီးရမိခဲ့သော စပိုင်သည် ပြည်တွင်း၊ပြည်ပတွင်ရှိသော
ဗြိတိန်ထောက်လှမ်းရေး လေးဦးနှင့် ၁၁ကြိမ် ဆက်သွယ်မှု ရှိခဲ့သည်ဟု ဆိုသည်။
ယခုဖမ်းမိထားသည့် စပိုင်ကို ရုံတင်စစ်ဆေးနေပြီး သူကလည်း
ဝန်ခံချက်ပေးထားသည်ဟု သိရသည်။ သို့သော်လည်း စပိုင်၏ အမည်နှင့်
မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အီရန်တွင်
လွန်ခဲ့သောလ များကတည်း နိုင်ငံခြားသား စပိုင်များကို
ဖမ်းဆီးစစ်ဆေးပြီးနောက် အများစုကို ပြစ်ဒဏ်မစီရင်ဘဲ လည်လွှတ်ပေးခဲ့သည်။
ယခု စပိုင်တစ်ဦး ဖမ်းမိသည့်သတင်းသည် အီရန်နှင့်ဗြိတိန်တို့၏
သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေး ကြိုးပမ်း မှုတွင် တစ်နည်းတစ်လမ်း
အကောင်းဘက်သို့ရောက်လာနိုင်သည်။ ရှေ့ပိုင်းက ဖမ်းမိသော စပိုင်များနည်းတူ
ပြန်လည် လွှတ်ပေးခြင်းဖြင့် သံတမန်ဆက်ဆံရေးကို ခိုင်မာရန်
ရည်ရွယ်သည့်ပုံပေါ်၏။ ဗြိတိန်သည် ၂၀၁၁ခုနှစ်က အီရန်ကို အရေးယူပိတ်ဆို့မှု
အစီအစဉ်များပြုလုပ်ပြီးနောက် တီဟီရန်မှ ဗြိတိန်သံရုံးကို ပိတ်ထားခဲ့သည်။
လက်ရှိအချိန်တွင်လည်း စပိုင်ဖမ်းမိထားသည့်သတင်းအပေါ် တုန့်ပြန်ချက်
တစ်စုံတရာ မပြုလုပ်သေးပေ။
ယခုသတင်းပတ်အတွင်း၌ အီရန်မှ
သံအမတ်တစ်ဦးသည် လန်ဒန်သို့ တရားဝင်သွားရောက်ပြီး ဗြိတိန်နိုင်ငံခြားရေး
ဌာနတွင် ဆွေးနွေးမှုအချို့လုပ်ခဲ့သည်။ ယခုလဆန်းပိုင်းကမူ ဗြိတိန်မှ
သံတမန်လမ်းကြောင်းသစ်အဖြစ် တီဟီရန်သို့လည်း သွားရောက်လည်ပတ်ခဲ့ဖူးသည်။
ယင်းဖြစ်ရပ်သည် နှစ်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဗြိတိန်နှင့် သံခင်း
တမန်ခင်း ပြန်လည်လမ်းစ ပွင့်ခဲ့ခြင်းဖြစ်သည်။
Ref: AFP
The Myanma Age
No comments:
Post a Comment