၅၇ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း တဖြည်းဖြည်း
နီးသထက် နီးလာပြီဖြစ် သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဆန်ခါတင်ခုနစ်
ကား ရှိခဲ့သည့်အနက် ကယန်းအလှ၊
အမွေခံထိုက်သူဖြစ်ပါစေ၊ မော်ကင်း ဥဒါန်း၊ ဥ၊ အမုန်းမီးတောက်၊ တိမ်
မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ထုတ်လုပ်သူ၊
စက်မှုပိုင်းဆိုင်ရာအတတ်ပညာရှင်တို့၏ ဇာတ်ကားရိုက်ကူးခဲ့စဉ်က အတွေ့
အကြုံများ၊ အကယ်ဒမီအကြို ရင်ခုန်သံများကို အပတ်စဉ်တစ်ပတ် တစ်
ကားနှုန်းဖြင့်ဖော်ပြဖြစ်ခဲ့သည်။ ယခုဆန်ခါတင် ခုနစ်ကားထဲတွင်နောက် ဆုံးတစ်
ကားတည်းကျန်ရှိသည့် ‘လက်ပံ’ ဇာတ်ကားကို ဖော်ပြပေးချင်ပါ သည်။
ဒါရိုက်တာဝိုင်းအကောင်းဆုံး ပုံဖော်ရိုက်ကူးသည့် ‘လက်ပံ’ ဇာတ် ကားအနေဖြင့်
အကယ်ဒမီရထိုက်ကြောင်း ပရိသတ်တော်တော်များ များထင် ကြေးပေးနေကြပြီဖြစ် သည်။
လက်ပံဇာတ်ကားသည် ဆန်ခါတင် ခုနစ် ကားအနက် တစ်မူထူးခြားသည့်
ဇာတ်ကားတစ်ကားဖြစ်သည်။ တစ် ယောက်နှင့်တစ်ယောက်ကြားက နားလည်ရခက် ခဲ့သည့်
စိတ်ခံစားမှုမျိုး ကို အဓိကပေါ်လွင်အောင် သီချင်း၊ မြူးဇစ်ကလည်း အကောင်း
ဆုံးပံ့ပိုးပေးထားသည်။ သို့သော်လည်း ကျိန်စာသင့်လက်ပံဆိုသည့်
နဂိုမူလခေါင်းစီး အတိုင်း ကျိန်စာသင့်သလို အမျိုးမျိုးအခက်အခဲ
ကြုံတွေ့ခဲ့ကြရသည်။ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ၊ ထုတ်လုပ်မှုအပိုင်းက အစ
အလွှာအသီးသီးက ပါဝင် အားဖြည့် ခဲ့ သူများ၏ ဇာတ်လမ်းရိုက်ကူးခဲ့စဉ်က အတွေ့
အကြုံ၊ အကယ်ဒမီ အကြိုရင်ခုန်သံများကို တစ်ဆင့်ဝေမျှလိုက်ပါသည်။
►ဦးဝင်းကြည်
(စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး)
“ဒီ ‘လက်ပံ’ ဇာတ်ကားကို ပထမဆုံးထုတ်လုပ် သူက မဖြူနှင်းဖွေး (Golden Virgo)
ပါ။ ရိုက် ကူးရင်းရပ်သွားလို့ ဒါရိုက်တာကိုဝိုင်း၊ ပြေတီဦး
တို့နဲ့တိုင်ပင်တယ်။ နောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လူကြီးတွေ
ရှေ့မှောက် မှာလွှဲပြောင်းဝယ်ယူပြီးတော့ ဆက်လက်ရိုက်ကူးခဲ့တာပေါ့
ဝတ္ထုဇာတ်လမ်းကို မဖြူနှင်း ဖွေး မရိုက်ခင်က တည်းကပင် ပြေတီ ဦးပေးလို့
ဦးရဲ့အမျိုးသမီးက အရင် ဖတ်ကြည့်တော့ကြိုက်တယ်။ နောက် တော့ ဦးဖတ်ကြည့်တယ်။
အဲဒီက တည်းက ကြိုက်နှစ်သက်ခဲ့တာပါ။ အခုလို အကယ်ဒမီဆန်ခါတင်
စာရင်းဝင်သွားတော့ ဝမ်းသာရတာပေါ့။ ဒီကားကို ဇာတ်လမ်းအရ ဘယ်နှခါ ပြန်ကြည့်
ကြည့်ကျေနပ်အားရမိ တယ်။
အားနည်းချက်တချို့က လွဲ ရင် ပေါ့လေ။ အခု
အကယ်ဒမီဆန်ခါ တင် ခုနစ်ကားထဲမှာ ပါဝင်နေတဲ့ အတွက် ပရိသတ်ကလည်း
အကယ်ဒမီရစေချင်ကြတယ်လို့ ကြားရတော့ ဝမ်းသာရတာပေါ့။ အားပေးတဲ့ ပရိသတ်တွေကို
ကျေးဇူးအထူးတင် ပါတယ်။ အခုလက်ပံ ရုပ်ရှင်ဇာတ် ကားကမျှော်လင့်မထားပါဘဲ အကယ်
ဒမီဆုရခဲ့ရင်တော့ အတိုင်းမသိဝမ်းသာ ရမှာပေါ့။ ထုတ်လုပ်သူတစ်ယောက်
အနေနဲ့တော့ သရုပ်ဆောင်အားလုံး ကို ရစေချင်ပါတယ်”
►ဒါရိုက်တာဝိုင်း
“အစ်ကို့အနေနဲ့ကတော့ မထူး ပါဘူး။ အစ်ကိုရိုက်ခဲ့တဲ့ဇာတ်ကား တွေက
ပဏာမစာရင်းဝင်ခဲ့တာပဲ ဆို တော့ အစ်ကို့အတွက်ကတော့ ထူး ခြားမှုမရှိပါဘူး။
အကယ်ဒ မီရသွား မယ်ဆိုရင်တော့ ထူးခြားမှု တစ်စုံ တစ်ရာရှိမယ်လို့ထင်ပါတယ်။
အစ်ကို ကတော့အခန်းတိုင်း၊ အခန်းတိုင်း ကသုံးပုံနှစ်ပုံလောက်ကတော့ အားရ
ကျေနပ်ခဲ့ရတဲ့ အခန်းတွေပါပဲ။ လက်ပံ ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ အားရ
ကျေနပ်ရပါတယ်”
►ကိုမင်းသူရ(တေးဂီတ)
“ဒီလက်ပံဇာတ်ကားမှာ
Main Theme Song ပေါ့။ တစ်ကားလုံး မှာ အဲဒီသီချင်းတစ်ပုဒ်ပဲပါတယ်။
အရင်ရေးလည်းရေးတယ်။ ဆိုလည်း ဆိုတယ်။ အဲလို လုပ်နေရင်းနဲ့ ဒီ
လက်ပံဇာတ်ကားမှာ ပါဝင်တီးခတ် ပေးဖို့ကို ဝိုင်းက ယုံယုံကြည်ကြည်
နဲ့လာအပ်တော့လုပ်ဖြစ်သွားတာပေါ့ နော်။ ဒီကားမှာ ခံစားတတ်တဲ့
ကိုယ်ပိုင်မုဒ်ကို ကိုဝိုင်းက လိုချင် တယ်။ ဒီတော့ ဝိုင်းဝန်းပြီး
ပံ့ပိုးပေး ရတာပေါ့။ လုံးခြာလိုက်ပြီး အကြိမ် ကြိမ် တီးခတ်ခဲ့ရတယ်။
သီချင်းရေး တုန်းက တော်တော်တိုင်ပတ်ခဲ့တယ်။ ဘာလို့ဆို ဒါရိုက်
တာလိုချင်တဲ့မုဒ်က တော်တော်ရှားတယ်။ ဘာလို့ဆို အချစ်သီချင်းလည်း မဟုတ်ဘူး။
သားအမိ၊ သာအဖအကြောင်းရေး တာလည်း မဟုတ်ဘူး။ ထူးဆန်းတဲ့ စိတ်ခံစားမှု တစ်ခု
လူနှစ်ယောက်ပေါ့။ သားအမိ၊ သားအဖတော်စပ်မှန်း လည်း မသိဘူး။ လူတစ်ယောက်နဲ့
တစ်ယောက်ကြားကဘာမှန်းမသိ တဲ့ ထူးဆန်းတဲ့စိတ်ခံစားမှုတစ်ခုကို
လင့်လေးတစ်ခုကို ပေါ်အောင် ရေး ရတယ်။ အကောင်းဆုံးဖြစ်အောင်
ကြိုးစားထားခဲ့တာပေါ့။
အကယ်ဒမီ ကတော့ ကိုဝိုင်းကို ရစေချင်တယ်။
အဓိကတစ်ခုကေ တာ့ မြန်မာ့ရုပ်ရှင် မြင့်မားတိုးတက်ရေးပေါ့။
မြန်မာ့ရုပ်ရှင်မြင့်မားတိုးတက်ချင်ရင် ကို ဝိုင်းကို ပေးသင့်တယ်။ ပရိသတ်က
မှတ်ချက်ပေးတာလေ။ သူတို့ရွေး ချယ်တဲ့ အဖွဲ့တော့ ရှိမှာပေါ့။
တကယ်မြန်မာရုပ်ရှင်မြင့်မားရေး အတွက်လုပ်ရင် ဒီလိုကားမျိုးကို ပေး သင့်တယ်။
ကြည့်ပြီးတဲ့လူ သိပါလိမ့် မယ်။ ဥပမာအက်ကြောင်းထပ်တာ လား။ ဒါက ကိုယ့် ရဲ့
ပုဂ္ဂလိက ကိုယ် ပိုင်ခံစားချက်နော်။ အဲဒီတော့မှပဲ အသစ်ရမှာလေ။ မဟုတ်ရင် ဒီ
အဟောင်းတွေထဲမှာပဲ လည်နေမှာ ပေါ့။ ကိုဝိုင်းရသင့်တာလည်း ကြာပြီ။ ဒီကားနဲ့
ကိုဝိုင်းရသင့်တယ်။ ကိုယ့် အနေနဲ့တော့ အခုအချိန်ထိစနောက် နေသလိုပါပဲ။
အကယ်ဒမီဆိုတာ လေ။ အမှန်တော့ ဒီကားက ပရိသတ် ထံ အမှန်တကယ်ရောက်သင့်တာ
ကြာပါပြီ။ အခုက တအားနောက်ကျ ပြီးမှ ပရိသတ်ထံ ရောက်သလိုဖြစ် ခဲ့ရတယ်။
အစ်ကို့သားတစ်သက်ပဲ။
လွန်ခဲ့တဲ့ သုံးနှစ်က လုပ်ခဲ့တဲ့အရာ က အခုမှ
အသံထွက်လာ ယ်။ တအားနောက်ကျတယ်။ အမှန် တကယ်ဆိုရင် ပရိသတ်လတ်လတ် ဆတ်ဆတ်
ခံစားကြည့်ရှုရမှာ။ မသိုး ဘူးပေါ့။ အခုလ့်း သိုးတယ်လို့ မဆို ပါဘူး။ ဒါပေမဲ့
ကွာသွား တာပေါ့နော်။ ကိုဝိုင်းက ယုံယုံကြည်ကြည်နဲ့အပ် တယ်။ အဓိကကတော့
လုပ်လို့ရတဲ့ အကြောင်းပြချင်တာ။ မလုပ်ကြတာ။ အခုတော့ ဒီဂျစ်တယ်ခေတ်ဖြစ်နေ
ပြီလေ။ ဒီကားက တိုင်ပတ်ခဲ့တာ တွေ အကြီးကြီးပဲ။ အပြောင်းအလဲ တွေ၊
ရပထားခဲ့ရတာတွေရောပေါ့။ ရပ်ထားခဲ့ရတာတစ်နှစ်ကျော်တောင် ကြာတယ်။
တခြားပြောပြလို့မရတဲ့
အကြောင်းတွေအများကြီးပဲ။ နောက်ဆုံးမှာမှ
ပေါင်းစုပြီး လုပ်ကြ တော့မှ ပရိသတ်ကြည့်ရှုခွင့်ရတာ ပေါ့နော်။ နောက်မကျဘဲ
ဒီထက်ပို ပရိသတ်ကြည့်ခွင့်ရခဲ့ရင် ပိုကောင်း မယ်။ ဒီကားက လတ်တုန်းပါပဲ။
အဲဒီတုန်းကဆို ဖွေးဖွေးက အသစ် လေးလိုပဲ။ တအားနုသေးတယ်။ ဒါ ပေမဲ့
တအားကြိုးစားအားထုတ်ထား ခဲ့တာ။ စောစောက ပြောသ လိုပေါ့။
တက်ညီလက်ညီဝိုင်းပြီး ကြိုးစားထား ကြတယ်။ အကယ်ဒမီကတော့ ကိုဝိုင်းအတွက်
ဖြစ်စေချင်တယ်”
►ကိုဝေယံလင်း
(တွဲဖက်ဒါရိုက်တာ၊ တည်းဖြတ်)
“အကယ်ဒမီဆိုတာက အနုပညာ လောကသားအားလုံး၊ အလွှာအသီး သီးက လူတွေ
လိုချင်ကြမယ်လို့ ထင် တာပဲ။ လိုချင်ကြမှာပဲ။ ဒါက မှတ် တိုင်လေးတစ်ခုလေ။
ကျွန်တော့်ကို လိုချင်လားမေးရင် လိုချင်တာပေါ့။ ဒါပေမဲ့ ပြောရ ခက်တယ်။
သိပ်တော့ အများကြီးမျှော်လင့်လို့မရဘူး။ တခြား ကျွန်တော့်ထက် တော်တဲ့လူတွေ
အများကြီး ရှိတယ်။ ဒီကားနဲ့ပတ်သက် ပြီး အကုန်လုံးအစစအရာရာ ကြိုး
စားထားကြတာပေါ့နော်။ သူ့ဟာသူ တာဝန်ကျေအောင် လုပ်ကြတယ်။ အကယ်ဒမီဆိုတာကလည်း
သူကြိုး စားရင် ကြိုးစားထားသလောက် ပြန် ပြီး ရောင်ပြန်ဟပ်လာမှာပဲ”
►ပြေတီဦး
“လက်ပံဇာတ်ကားက အကယ် ဒမီစာရင်းဝင်တဲ့အတွက်လည်း တအား ကို ဝမ်းသာပါတယ်။
ပရိသတ်တွေက ကိုယ့်ကိုထင်ကြေးပေးပြီး ရစေချင်တဲ့ အတွက်လည်း အတိုင်းမသိ
ဝမ်းသာ ပါတယ်။ ပရိသတ်တွေ ထင်ကြေး ပေးတာဟာ
ကျွန်တော်တို့မောခဲ့ရတဲ့အမောတွေကို သုံးပုံနှစ်ပုံလောက် ပြေသွားပါပြီ။
ကျွန်တော်တို့ ဘာတတ်နိုင်လဲဆိုတော့ ....
Readmore >>> http://www.popularmyanmar.com/mpaper/?p=80974
No comments:
Post a Comment