ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
တစ်လျှောက်တွင် မော်တော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က
တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင်ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည်
ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။
အဆိုပါ အမြန်လမ်းတစ်လျှောက် စိုက်ထူထားသည့် အသိပေး ဆိုင်းဘုတ်ပါ
အင်ဂျင်နီယာမှူးကြီး၏ ဖုန်းနံပါတ်မှာ ခေါ်ဆိုတိုင်း မရခြင်း၊
ပြည်သူအချို့မှာ ဆက်သွယ်ရ ခက်ခဲခြင်းများ ကြုံတွေ့နေရလျက် ရှိရာ ယင်းနှင့်
ပတ်သက်၍ The Voice က သီးခြား ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း
ဖြေကြားခြင်း ဖြစ်သည်။
“အင်ဂျင်နီယာမှူးကြီးက မွန်ပြည်နယ်ဘက် တာဝန် ရွှေ့ပြောင်း သွားပါပြီ။
နောက်အသစ် ရောက်ရှိလာတဲ့ အင်ဂျင်နီယာမှူးကြီး
ဦးကြည်ဇော်မြင့်ရဲ့ဖုန်းနံပါတ်ကို မကြာခင် အသိပေး ထုတ်ပြန်ပေးပါမယ်။
နောက်ထပ် ၁၅ ရက်လောက် နေရင်ပေါ့” ဟု ဒုတိယ အင်ဂျင်နီယာ
မှူးကြီးက ဆိုသည်။
၂၀၀၉ ခုနှစ် မတ်လက စတင်ဖွင့် လှစ်ခဲ့သော မိုင်ပေါင်း ၃၆၅ ကျော်ရှိ အဆိုပါ
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ် အကူအညီ တောင်းခံနိုင်သည့်
အသိပေးဆိုင်းဘုတ် ၂၅ ခုခန့် စိုက်ထူထားပြီး ယင်းဆိုင်းဘုတ်အားလုံး ပြန်လည်
ပြောင်းလဲ တပ်ဆင်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် ယာဉ်နှင့် ပတ်သက်သည့်
မတော်တဆမှုနှင့် အခြားအကူအညီများ စောင့်ရှောက်မှုပေးမည့် အမြန်လမ်း
ရဲစခန်းပေါင်း ၁၅ ခုနှင့် ရဲဝန်ထမ်းပေါင်း ၇၀၀ ကျော်တို့က ၂၄ နာရီ
အချိန်ပြည့် တာဝန်ယူထား ပေးကြောင်း ယင်းအမြန်လမ်း ရဲစခန်းများ တာဝန်ခံ
ဒုတိယရဲမှူးကြီး နေဝင်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment