မြောက်ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနိုင်ငံအပေါ် ကျူးကျော်ရန်စမှု သို့မဟုတ် ခြိမ်းခြောက်မှုများ ပြုလုပ်ရုံဖြင့် အောင်မြင်မှုရရှိမည်
မဟုတ်ကြောင်း အမေရိကန် အစိုးရက ဒီဇင်ဘာ ၂ဝ ရက်တွင်
တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ အမေရိကန် အစိုးရ၏
ပြောကြားချက်သည် မဟာမိတ် နိုင်ငံဖြစ်သော တောင်ကိုရီးယား အပေါ်
မြောက်ကိုရီးယား အစိုးရက သတိပေးခြင်းမရှိဘဲ တိုက်ခိုက်မည်ဟူသော
ခြိမ်းခြောက်မှုကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျနီဖာပီဆာကီက ပြောကြားလိုက်သည်။
မြောက်ကိုရီးယား အစိုးရ၏ ခြိမ်းခြောက်ပြောဆိုမှုသည် အရှေ့မြောက်
အာရှအတွင်းရှိ နိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို
ပျက်ပြားစေကြောင်း သူမက ထပ်လောင်း ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား
အစိုးရကို ဆန့်ကျင်ဆန္ဒပြသည့် လှုပ်ရှားမှု တစ်ခုအား ဒီဇင်ဘာ ၁၇ ရက်က
တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့ပြီး တောင်ကိုရီးယား ပြည်သူ အချို့သည်
မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ရုပ်ပုံကို မီးရှို့ဖျက်ဆီး
ခဲ့ပြီးနောက် မြောက်ကိုရီးယား အစိုးရ၏ ခြိမ်းခြောက်မှု
ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား အစိုးရ၏
ယခုကဲ့သို့အပြုအမူသည် ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေးနှင့်
ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ
ပြောရေး ဆိုခွင့်ရှိသူ ဟွာချောင်ယင်းက သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment