ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေတောင်တန်း ပရဟိတ
ဘုန်းတော်ကြီး ကျောင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူ ၁၇ဝ ဦးအတွက်
ခြုံစောင်၊ အနွေးထည်နှင့်
အသုံးအဆောင်ပစ္စည်း၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ တစ်သိန်း ခန့်တန်ဖိုးရှိ
ပစ္စည်းများကို ယမန်နေ့က ထိုင်းနိုင်ငံမှ
လာရောက်လှူဒါန်းသည်။ အဆိုပါ
ပစ္စည်းများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံသား ဆစ်လူမျိုး
(ပန်ချာပီ) ကုသိုလ်ပြုအဖွဲ့ကိုယ်စား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နေ
နိုင်းဘန်ကျစ်ကျာဝါလာနှင့် မယ်ဆိုင်မြို့ လက်ထောက် မြို့ပိုင်
နိုင်းဆူရချက်တို့ပါ ထိုင်းနိုင်ငံသား ခြောက်ဦးတို့သည် မော်တော်ယာဉ်ဖြင့်
ထိုင်းနိုင်ငံ မယ် ဆိုင်မြို့မှ ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေး
တံတားမှတစ်ဆင့် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး တာချီလိတ်မြို့နယ်
လွယ်တော်ခမ်း ကျေးရွာအုပ်စု ဟွေရဲ ကျေးရွာရှိ ရွှေတောင်တန်း ပရဟိတ
ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးခမာဝုဓနှင့် တွေ့ဆုံပြီး
လှူဖွယ်ပစ္စည်းများကို လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်မှ လှူဒါန်းမှုအား
ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။
MWD
No comments:
Post a Comment