အမေရိကန် ပြည်ထောင်စု တွင် သေစေနိုင်သော ၀က်ဗိုင်းရပ်စ်ပိုး တစ်မျိုး
ကူးစက်မှု ပျံ့နှံ့လျက် ရှိပြီး ယခုအခါတွင် အဆိုပါ ရောဂါပိုး ကူးစက်မှု သည်
ပြည်နယ်ပေါင်း ၂၀ ထိ ပျံ့နှံ့ လာပြီ ဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေး ၀န်ကြီးဌာန က ယခု သီတင်းပတ် အတွင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
The Porcine Epidemic Diarrhera Virus ( PEDv ) အမည်ရှိ အဆိုပါ
ဗိုင်းရပ်စ်ပိုး တစ်မျိုး အမေရိကန် ပြည်ထောင်စု တွင် ကူးစက် ပျံ့နှံ့မှုများ
ဖြစ်ပေါ်နေစဉ် တွင် မြောက် အမေရိက နိုင်ငံများတွင် ယင်းကဲ့သို့
ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မှု နှင့် စပ်လျဉ်း၍ သတင်းများ ထွက်ပေါ်
ခဲ့ခြင်း မရှိပေ။
အဆိုပါ ဗိုင်းရပ်စ်ပိုး သည် အမေရိကန်
ပြည်ထောင်စု တွင် ကူးစက် ပျံ့နှံ့လျက် ရှိသောကြောင့် ၄င်းနိုင်ငံရှိ
ဝက်ရောင်းဝယ်ရေး လုပ်ငန်းများ သည် လာမည့် နွေဦးနှင့် နွေရာသီ ကာလများ၌
သိသိသာသာ ကျဆင်း သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရသည်။
PEDv ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသည့် ၀က်များသည် ၀မ်းသွားခြင်း ၊
အော့အန်ခြင်း နှင့် ရေဓာတ် ခမ်းခြောက်ခြင်း များကို ခံစားရပြီး ၄င်း
ရောဂါပိုး သည် အရွယ်ရောက်ပြီး ၀က်များကို သေစေနိုင်ခြင်း မရှိသော်လည်း
ဝက်ပေါက် လေးများကို သေစေနိုင်ကြောင်း ကူးစက်ရောဂါ ပြန့်ပွားခြင်း နှင့်
ကာကွယ်ခြင်း ဆိုင်ရာ ပညာရပ် ဌာနမှ ရောဂါဗေဒ ပညာရှင် များက လေ့လာ တွေ့ရှိ
ခဲ့သည်။
အမေရိကန် ပြည်ထောင်စု တွင် ၀က်မွေးမြူရေး ခြံများမှ
ရောဂါပိုး ကူးစက် ခံရသည့် ၀က်ပေါက် လေးများ သေဆုံးမှု သည် ၅၀ ရာခိုင်နှုန်း
အထိ ရှိလာပြီ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း အထိ မြင့်တက် နိုင်ဖွယ် ရှိကြောင်း
တိရစ္ဆာန် ဆရာဝန် များနှင့် သိပ္ပံ ပညာရှင် များ၏ လေ့လာချက် များအရ
သိရှိရသည်။
The Myawady Daily
No comments:
Post a Comment