Pages

17.12.13

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဒေသခံ များပါဝင်မှအောင်မြင်မည် ဟုဆို

သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ ပါဝင် မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ တို့က ပြောသည်။
''တိရစ္ဆာန်ပဲထိန်းထိန်း၊ ရေနံပဲ ထိန်းထိန်း၊ တောပဲ ထိန်းထိန်း၊ ကြိုက်တာကိုထိန်း ထိန်းသိမ်းရေး လုပ်မယ်ဆိုရင် ဒေသခံတွေကို ထည့်စဉ်းစားရမယ်။ သူတို့ပါဝင် မှ ဘယ်ထိန်းသိမ်းရေး
မဆိုအောင် မြင်မှာပါ''ဟု BANCA အဖွဲ့မှ ဦးအောင်ကျော်ညွန့်က
ပြောသည်။



သားငှက်ထိန်းသိမ်းရေးအဖွဲ့ ( BANCA ) သည် နတ်မတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သဖြင့် အောင်မြင်မှု များရရှိခဲ့ကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံများ ပူးပေါင်းပါဝင်မှုမရှိ ပါကအစိုးရကဥပဒေများမည်မျှပင် ထုတ်ပြီး ထိန်းစေ
ကာမူ အောင်မြင် နိုင်မည်မဟုတ်ကြောင်း BANCA အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့် က ပြောသည်။

''ကျွန်တော်တို့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ ဒီရေတော တွေ စိုက်တယ်။ ဒေသခံတွေကို စည်းရုံးပြီး လုပ်ရမယ်။ ပညာတွေ ပေးရတယ်။ နောက်သစ်တော တွေကို သူတို့နဲ့ပဲ အပ်ထားခဲ့ရ တာဆိုတော့ သူတို့ကလိုလိုချင်ချင် ထိန်းမှ အောင်မြင်မှာလေ''ဟု သစ်တောပညာရှင် ဦးကျော်ညွန့်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခင် ကာလများကဖွံ့ဖြိုးရေးလုပ်ငန်း များ၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ ၌ဒေသခံပြည်သူများကိုလျစ်လျူရှု ကာ ဆောင်ရွက်ခဲ့ခြင်းကြောင့်
အောင်မြင်မှုများမရရှိခဲ့သည့်အပြင် ပဋိပက္ခများ၊ ဆူပူမှုများနှင့် ရင်ဆိုင် ခဲ့ရကြောင်းပညာရှင်တို့က သုံးသပ် ကြသည်။

The Union Daily

No comments:

Post a Comment