ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင်
တံတားတည်ဆောက်မှု ရာခိုင်နှုန်း ပြည့် ပြီးစီးပြီဖြစ်ရာ ကျန်လုပ်ငန်းများ
ဆက်လက်ဆောင်ရွက်နိုင်ရန်
တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို
ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀
နာရီက မရှီကထောင်ရပ်ကွက်ရှိ သံပေါင် ကွန်ကရစ် တံတား အမှတ် (၂)၏
ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ရှေ့တန်းခြေမြန်တပ်မဌာနချုပ်
တပ်မမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ
အမှုဆောင်အရာရှိနှင့် စည်ပင် အင်ဂျင်နီယာမှူးကြီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်ရပ်ကွက်များရှိ
အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ များ၊ ကျောက်စိမ်း တောင် ကျောက်မျက်
ကုမ္ပဏီမှ (အလှူရှင်) မန်နေဂျင်း ဒါရိုက်တာ ဦးစိန်ဝင်း-
ဒေါ်ခင်သန်းကြည်တို့နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တပ်မမှူးဗိုလ်မှူးချုပ်သိုက်စိုးက ဖားကန့်တံတားသည်
ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီး ကျန်ရှိသည့် လုပ်ငန်းများဖြစ်သော
မရှီကထောင်ဘက်ကမ်း ချဉ်းကပ်လမ်းမြေဖို့ခြင်းလုပ်ငန်း၊ မြို့မနှင့်
ငှက်ပျောတော ဘက်ကမ်း ချဉ်းကပ်လမ်းမြေဖို့ခြင်းလုပ်ငန်း၊ တံတားပေါ်
ကတ္တရာခင်းခြင်းလုပ်ငန်း၊ မရှီကထောင်ဘက်နှင့် မြို့မငှက်ပျောတောလမ်း
ကတ္တရာခင်းခြင်းလုပ်ငန်း များကိုစနစ်တကျ ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ဥရုရတနာ (ကျောက်စိမ်းတောင်) တံတားသည် ကချင် ပြည်နယ်
မိုးညှင်းခရိုင် ဖားကန့်မြို့ ငှက်ပျော တောရပ်ကွက်၊ မြို့မရပ်ကွက်နှင့်
မရှီကထောင်ရပ်ကွက်ကြားတွင်တည်ရှိပြီး တံတားအမျိုး အစားမှာ သံပေါင်
ကွန်ကရစ်တံတားဖြစ်သည်။ အရှည် ပေ ၄၀၀၊ တံတား အကျယ် ၃၃ ပေ၊ အမြင့် ၂၅ ပေ၊
ခန်းဖွင့်အကျယ်ပေ ၂၀၀၊ ခန်းဖွင့် (၂) ခန်း၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ
(နှစ်လမ်းသွား) လူသွားလမ်း အကျယ် ၃ ပေ ၃ လက်မ၊ ခွင့်ပြုယာဉ်အလေး ချိန်မှာ
တန် ၆၀ ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က
လုပ်ငန်းစတင်ခဲ့ပြီးဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း
တံတားဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် အငယ်တန်း အင်ဂျင်နီယာ (၂)
မြို့ပြ ဦးဆန်နီ သိန်းက အနီးကပ်ကြီးကြပ် တာဝန်ယူ တည်ဆောက်ခဲ့သည်။
တံတားအလှူရှင်မှာ ကျောက်စိမ်း တောင် ကျောက်မျက်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ
ဦးစိန်ဝင်း-ဒေါ်ခင် သန်းကြည် ကုမ္ပဏီမိသားစုဖြစ်ပြီး ၎င်းတို့၏ လှူဒါန်းမှုများမှာ
ဖားကန့် မြို့နယ်တွင် တံတားသုံးစင်းနှင့် မြို့လယ်
ဓမ္မာရုံကြီးတို့ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment