သေးသူများအတွက် အမျှအတန်းပေးဝေပွဲ အား လားရှိုး -မန္တလေး
လမ်းပိုင်း အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ
စာရေးဆရာ သီပေါကိုလတ် ထံမှ သိရှိရသည်။
'' ဒီပွဲကိုလုပ်တာ ဘာအရောင်အသွေးမှ မပါပါဘူး၊ အဓိက လမ်းတွေပေါ်မှာ
သေဆုံးပြီး မကျွတ်လွတ်နိုင်ဖြစ်နေတဲ့ သူတွေကို ကျွတ်လွတ်သွားစေချင်တဲ့
စေတနာနဲ့ ခရီးသွားပြည်သူတွေအပေါ်မှာ ဒီလိုမကျွတ်လွတ်တဲ့သူတွေ
အနှောင့်အယှက်ပေးတာမျိုး မကြုံရအောင်ဆိုတဲ့ စေတနာနဲ့ လုပ်တာပါ '' ဟု
အဆိုပါ ပွဲစီစဉ်သူမှ ပြောသည်။
အဓိကပြုလုပ်မည့်နေရာများမှာ
ကျောက်မဲ - နောင်ချိုအကြား ဂုတ်တွင်းအတက်အဆင်းနေရာ
နောင်ချို - ပြင်ဦးလွင် အကြားနှင့် ပြင်ဦးလွင် - မန္တလေးအကြား (၂၁)
မိုင်အဆင်း၊ (၂၆) မိုင် (၆) ဖာလုံ အတက်နေရာများတွင် အဓိကထား
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
'' ဒီလိုပွဲမျိုးက အမျိုးသမီးနဲ့ကလေးတွေပါရင် အန္တရာယ်များတယ်၊
နောက်ပြီး အရက်သေစာသောက်တဲ့သူ၊ နောက်တတ်ပြောင်တတ်တဲ့
သူတွေ ပါလို့မရပါဘူး၊ သေချာဂရုစိုက်ပြီး လုပ်ပေးသွားမှာ ဖြစ်ပါတယ် '' ဟု အဆိုပါပွဲတွင် ပါဝင်ကူညီပေးသူများမှ ပြောသည်။
ပွဲဖြစ်မြောက်ရေးအတွက် ယခင် နေပြည်တော် - မန္တလေးလမ်းပိုင်း အကျွတ်အလွတ်ပွဲပြုလုပ်ခဲ့ဖူ
နေပြည်တော် - မန္တလေး၊ မူဆယ် - လားရှိုးလမ်းပိုင်း ယာဉ်တိမ်းမှောက်မှု
မကြာခဏဖြစ်ပွားလေ့ရှိသော နေရာများတွင်လည်း ဆက်လက်၍
အမျှအတန်းပေးဝေသွားမည်ဖြစ်ေ
စိတ်ပါဝင်စားသူများအနေဖြင့်
ပေးလိုသည်များရှိပါက သီပေါစာရေးဆရာအသင်းရုံး၊
ဖုန်းနံပါတ် ၀၉ - ၄၀၃၇၀၈၈၉၇ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
The Myanma Age

No comments:
Post a Comment