ပဲခူးတိုင်းဒေသကြီးအတွင်း Save Elephant Foundation Myanmar တည်ထောင်ပြီး ဆင်များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်
ဆင်ဆေးရုံတစ်ခုတစ်ခုဆောက်လုပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း Save Elephant
Foundation Myanmar ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောကြားချက်အရ သိရသည်။
“
Save Elephant Foundation Myanmar တည်ထောင်ဖို့ ပြည်ထဲရေးနဲ့
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို တင်ပြထားတယ်။ ဖောင်ဒေးရှင်းရဲ့
အဓိကရည်ရွယ်ချက်က အစိုးရ၊ ပုဂ္ဂလိကနဲ့ တောဆင်ရိုင်းတွေကို ဥပဒေမဲ့
သတ်ဖြတ်ခံနေရတာတွေကို တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့
နည်းပညာပေးဖို့ ဆင်တွေရဲ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့ပါ ” ဟု
ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
အဆိုပါဖောင်ဒေးရှင်းမှာ
ထိုင်းနိုင်ငံအခြေစိုက် Save Elephant Foundation Myanmar
၏ကူညီထောက်ပံ့မှုဖြင့် တည်ထောင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ဖောင်ဒေးရှင်း
ဖြစ်ပြီး လတ်တလောတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင်၊
ပုဂ္ဂလိကပိုင်နှင့် တောဆင်ရိုင်းများအား
အဓိကကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ
ဆင်များအားလုံးအတွက် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းသိရသည်။
“
သက်ဆိုင်ရာက ခွင့်ပြုချက်ကျလာရင် ကျွန်တော်တို့ဖောင်ဒေးရှင်းက
ဆင်ဆးရုံကိုလည်းဆောက်သွားမှာပါ။ ဆင်ဆးရုံဆောက်ပြီးရင် သက်ကြီးဆင်တွေနဲ့
အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဆင်တွေရဲ့ နေရေး၊ စားရေး၊
ကျန်းမာရေးတွေကိုလည်း ဖောင်ဒေးရှင်းက အခမဲ့ဆောင်ရွက်သွားမှာပါ ” ဟု
ဦးခင်မောင်ဝင်းက ပြောကြားသည်။
ယခုနှစ်တွင်
ပဲခူးတိုင်းဒေသကြီးအတွင်း ၌ အစိုးရဆင်၊ ပုဂ္ဂလိကဆင်နှင့်
တောဆင်ရိုင်းများအား အစွယ်ဖြတ်၊ အရေခွံဆုတ်ခွာ၍ သတ်ဖြတ်ခံရမှုများ
မကြာခဏဖြစ်ပွားခဲ့ပြီး ပဲခူးရိုးမတောကြီးအတွင်း၌ ဆင်သတ်မုဆိုးများ
ကျင်လည်ကျက်စားလျက်ရှိကြောင်း Save Elephant Foundation Myanmar
အလုပ်အမှုဆောင် ဆင်ဆေးကုဆရာဝန်ဒေါက်တာလေးဝင်းက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment