ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီ
တယ်လီနောက လုပ်ငန်းများ အတွက် လိုအပ်သောတာဝါတိုင်နှင့်
အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့တွင် ပူးပေါင်း လုပ်ကိုင်ရန်
စင်ကာပူနိုင်ငံအခြေစိုက် Apolo Tower ကို Vendor (ပူးတွဲလုပ်ကိုင်သူ)အဖြစ်
တရား ၀င်ရွေးချယ်လိုက်ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က “Apollo Tower
နဲ့အတူ လုပ် ကိုင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။
သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေဟာ တယ်လီ နောရဲ့ လုပ်ငန်းစီမံကိန်းလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်ပြီး ကျွန်တော်တို့ရဲ့ အဆင့်မြင့် မိုဘိုင်း ကွန်ရက်ကို
အောင်မြင်စွာစတင်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ထုတ်ပြန်ချက်တွင်
ထည့်သွင်းပြော ကြားသည်။
တယ်လီနော(မြန်မာ)က မြန်မာနိုင်ငံတွင်
အော်ပရေတာအဖြစ် လုပ်ကိုင်ရာ၌ appolo Tower ကို ရွေး ချယ်ခြင်းမှာ ပထမဆုံး
Joint Vendor ကုမ္ပဏီအဖြစ် ရွေးချယ်ခြင်းဖြစ်ကာ Huawei၊ Ericsson၊ VIOM
ကုမ်္ပဏီတို့နှင့်မူ ဆက်သွယ်ရေးကွန်ရက်ပစ္စည်းများ တပ်ဆင်ခြင်း (Network
Equipment)အတွက် သဘောတူညီမှု စာချွန်လွှာရေးထိုးထားသည်။
Apollo
Tower ၏ အမှုဆောင်အရာရှိချုပ်ကလည်း “တယ်လီနောအတွက် ကမ္ဘာ့အဆင့်မီဆက်သွယ်
ရေးအဆောက်အအုံတွေ အချိန်မီတည် ဆောက်ပေးဖို့ ရည်ရွယ်ထားပါတယ်”ဟု လည်း
ထုတ်ပြန် ချက်တွင် ပြောကြားထားသည်။
လုပ်ကိုင်ခွင့်ရရှိသည့် Appolo Tower အနေဖြင့် ပြည်တွင်းတွင် မိုဘိုင်းတာဝါတိုင်များ တည်ဆောက်ရာ ၌ ပြည်တွင်းအခြေစိုက်ကုမ္ပဏီများနှင့် ပူးပေါင်းပြီးတစ်နိုင်ငံလုံးရှိ ဆက်သွယ်ရေးအခြေခံအဆောက် အအုံကို တည်ဆောက်သွားမည်ဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိသော အော်ပရေတာများအနေ ဖြင့်
မိုဘိုင်းတာဝါတိုင်များ အသုံးပြု ရာတွင် အော်ပရေတာတစ်ခုနှင့်တစ်ခု
မျှဝေသုံးသွားလိုကြောင်း ပြည်ပအော် ပရေတာတယ် လီနောနှင့် အူရီးဒူးတို့က
၎င်းတို့၏ သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားထားသည်။
လိုင်စင်ရအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးကွန်ရက်များကို မျှဝေသုံးစွဲသင့်သည်ဟုလည်း ပြည်တွင်းတွင် မိုဘိုင်းကွန်ရက်များ တည်ဆောက်ပေးသည့်ကုမ္ပဏီတစ်ခုဖြစ်သော ZTE ၏ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လေးက သူ၏အမြင်ကို သုံးသပ်ပြော ဆိုသည်။
၎င်းက “ပြည်တွင်းမှာ မိုဘိုင်းနက်ခ်ဝပ်တွေကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ဆိုရင်
မိုဘိုင်း အခြေ စိုက်စခန်း (Mobile Station) ပေါင်း ၇၀၀၀ ကျော်အထိ
ထပ်မံလိုအပ်လိမ့်မယ်။ အော်ပရေတာတွေ အကုန်လုံးက အဲဒီမိုဘိုင်း Station
အကုန်လုံးကို မျှဝေသုံးစွဲကြမှ အဆင်ပြေလိမ့်မယ်”ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း လက်ရှိ တည်ဆောက်ထားသော မိုဘိုင်းအခြေစိုက်စခန်းများကို
ထိန်းသိမ်း ရန်နှင့် မိုဘိုင်းအခြေစိုက်စခန်းများ
ထပ်မံတိုးချဲ့တည်ဆောက်နိုင်ရန် ဆက်သွယ်ရေးကုမ္ပဏီ များကို တင်ဒါခေါ်ယူထားပြီး
အခြားအော်ပရေတာများကိုလည်း မိုဘိုင်းတာဝါတိုင်များ ငှားရမ်းနိုင်ရန်
စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ
ဦးကျော်စိုးဝင်းက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ
လုပ်ကိုင်ရန် လုပ်ငန်းလိုင် စင်ချထားပေးမှု ကို စောင့်ဆိုင်းလျက်ရှိပြီး
လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ
ရောင်းချပေးနိုင်မည်ဟု တရားဝင်သတင်းထုတ်ပြန်ထားသည်။
ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများကို
အော်ပရေတာလေးခုက လုပ်ကိုင်သွားမည်ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီနှစ်ခု နှင့်
ပြည်ပကုမ္ပဏီနှစ်ခုတို့က လုပ်ကိုင်သွားမည်ဖြစ်ကာ ပြည်ပကုမ္ပဏီများအဖြစ် နော်
ဝေနိုင်ငံအခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံအခြေစိုက်
အူရီးဒူးကုမ္ပဏီတို့က လုပ်ကိုင်မည်ဖြစ် သည်။
Mizzima - News in Burmese
No comments:
Post a Comment