Pages

23.4.13

ရဟန်းဘ၀ ခံယူခဲ့တဲ့ သူဌေးကြီး ဦးတေဇ

မြန်မာနိုင်ငံက သူဌေးကြီး ဦးတေဇဟာ အခုတလော ဆက်တိုက်ဆိုသလို အလှူတွေပေးနေတာပါ။ မကြာသေးမီကလည်းနယ်စွန်နယ်ဖျားတွေ သွားပြီး မျက်စေ့ အလင်းရစေတဲ့ အလှူတွေလည်း လုပ်ဆောင် ခဲ့သေးပါတယ်။


 ဦးတေဇ ရဟန်းဘောင်ဝင်စဉ်၊ ဓာတ်ပုံများ- ဦးတေဇ၏ ဖေ့စ်ဘုတ်စာမျက်နှာ

အခု နောက်ဆုံး သူကိုယ်တိုင် ရဟန်းဘ၀ ခံယူခဲ့တဲ့ ဖြစ်စဉ်ကို သူ့ရဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဖော်ပြလာပါတယ်။ 

လက်နက်တင်ပို့မှုမှလွဲ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူ ထားမှုများကို ဥရောပသမဂ္ဂ EU ရုပ်သိမ်း

လက်နက်တင်ပို့မှုမှလွဲ ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဥရောပသမဂ္ဂ EU က ရုပ်သိမ်းကြောင်း ဧပြီ လ ၂၂ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး၊ ကုန်သွယ်ခွင့်နှင့် လူပုဂ္ဂိုလ်

ဦးတေဇ သင်္ကြန်ရုံးပိတ်ရက်အတွင်း သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့

မြန်မာနိုင်ငံ၏အချမ်းသာဆုံးးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇသည် သင်္ကြန်ရုံးပိတ်ရက် အတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ၅ရက်တာ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးတေဇသည် ယခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မစိုးရိမ် ရွှေကျင်တိုက်သစ်တွင်

အင်ဒိုနီးရှားသမ္မတ မြန်မာနိုင်ငံ လည်ပတ်မည်

၂၃.၄.၂၀၁၃၊ အင်္ဂါနေ့

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယိုဒိုယိုနိုဟာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး လည်ပတ်ဖို့ ဒီကနေ့ထွက်ခွာလာပြီး ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ သိရပါတယ်။

စင်္ကာပူမှာကျင်းပမယ့် အင်ဒိုနီးရှား-စင်္ကာပူ ခေါင်းဆောင်များ နှစ်ပတ်လည် ဆွေးနွေးပွဲကနေတဆင့် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတက ဒီကနေ့ ကွာလာလာမ်ပူ မြို့တော်ကနေ မထွက်ခွာခင် သတင်းထောက်တွေကို ပြောပါတယ်။

နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘရူနိုင်းနိုင်ငံကို ဆက်လက်ခရီးဆက်မှာဖြစ်ပြီး ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်မယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအနေနဲ့ အမြဲမပြတ် စောင့်ကြည်နေသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်လုပ်ငန်းစဉ် မှန်ကန်ချောမွေ့ရေးအတွက် အင်ဒိုနီးရှားအနေနဲ့ အကူအညီပေး သွားမယ်လို့ လည်း ပြောပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နဲ့ နိုင်ငံရေး၊ ဥပဒေရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး တို့လည်းပါရှိမယ်လို့ သိရပါတယ်။

RFA

ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုပုဒ်မ ၁၅၃(က)ဖြင့် ထပ်မံတရားစွဲဆိုပြီး သာကေတမြို့နယ် တရားရုံး၌ စစ်ဆေး

၂၃.၄.၂၀၁၃၊ အင်္ဂါနေ့

ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃(က)ဖြင့် သာကေတမြို့နယ် တရားရုံး၌ ထပ်မံတရားစွဲဆိုပြီး ဧပြီလ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် သာကေတမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် ဗဟန်းမြို့နယ် တရားရုံးတွင်လည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံရုံးထုတ် စစ်ဆေးရန် ရုံးချိန်းရှိကြောင်း ကိုရဲမင်းဦး၏ အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
''၈ ရက် ၁၂ လ ၂၀၁၂မှာ ကြေးသွန်းဘုရားနားမှာ အများပြည်သူကို လှုံ့ဆော်တယ်ဆိုတဲ့ အမှုနဲ့ စွဲချက်တင်ထားတာပါ။ သက်သေတွေ ကြည့်ရင်လည်း အရပ်သားတွေ တစ်ယောက်မှ မပါဘူး။ ရဲအရာရှိတွေ ရဲတပ်သားတွေ အစိုးရ၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ရာအိမ်မှူးတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဆိုတော့၊ သူတို့စွဲတဲ့ ပုဒ်မအရဆိုရင် စည်းရုံးလှုံ့ဆော် ခံရတဲ့ အရပ်သားတွေ ပြည်သူတွေကို သက်သေပြပါဆိုတော့ အဲဒါကို တစ်ယောက်မှ သက်သေမပြနိုင်ဘူး'' ဟု ဦးကျော်ဟိုးက ပြောသည်။

ကိုရဲမင်းဦး၏ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက''သာကေတမြို့နယ်မှာ ဘာသာရေး အဆောက်အဦ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ကိုရဲမင်းဦးက လှုံဆော်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေ ရရှိထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာသာရေးအရ သွေးထိုးလှုံ့ဆော် မှု ပုဒ်မ ၁၅၃(က)နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ မေလ ၆ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ခေါ်ဆိုထားပါတယ်'' ဟု Eleven Media Group သို့ ဧပြီလ ၂၂ ရက်က ပြောကြားသည်။


ကိုရဲမင်းဦးအား ဧပြီ ၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ဗဟန်းတရားရုံး၌ လည်းကောင်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၄ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကိုရဲမင်းဦးအား ရုံးထုတ်စစ်ဆေးစဉ်က ကိုရဲမင်းဦအား လာရောက်တွေ့ဆုံသည့် ၎င်း၏ ညီဖြစ်သူကိုရဲမင်းအောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်းတို့ အပါအ၀င် လေးဦးအား ၀တ္တရားနှောင့်ယှက်မှုဖြင့် သက်ဆိုင်ရာက အမှုဖွင့်ခဲ့ပြီး ဧပြီ ၇ ရက်က ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၎င်းတို့အား ခေါ်ယူသတိပေးခဲ့ပြီး ကိုယ်တိုင်ခံဝန်ဖြင့် တရားရုံး၏ ဆင်ခေါ်မှုအား စောင့်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲမင်းဦးအား ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဗဟန်းရဲစခန်း၏ တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက Eleven Media Group သို့ ဧပြီ လ ၇ ရက်က ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင်လည်း ဖြစ်သူ ကိုရဲမင်းဦးအား မတ်လ ၂၅ ရက်ညပိုင်းက အမည်မသိ လူတစ်စုက ခေါ်ဆောင်သွားခြင်းဖြစ်ကာ ၎င်း၏မိသားစုဝင်များက ဧပြီ ၂၇ ရက်တွင် ဗဟန်းရဲစခန်းတွင် လူ ပျောက်တိုင်ကြားခဲ့ပြီး ဧပြီ ၁ ရက် နေ့တွင် ဗဟန်းရဲစခန်းမှ ကိုရဲမင်းဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ကိုရဲမင်းဦး၏ မိသားစုဝင်များက ပြောသည်။

Eleven Media Group

နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက် များအား ထောက်ခံသည့် လမ်းလျှောက် လှုပ်ရှားမှုကို လေးလတစ်ကြိမ် ပြုလုပ်မည်

၂၃.၄.၂၀၁၃၊ အင်္ဂါနေ့


နိုင်ငံတော်သမ္မတဦးသိန်းစိန်၏လက်ရှိဆောင်ရွက်ချက်များအား ထောက်ခံသည့် အနေဖြင့် One Myanmar အဖွဲ့မှ ဦးဆောင်ပြီး ''ပြည်ထောင်စုငြိမ်းချမ်းရေးလှုပ် ရှားမှု'' ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ၌ ဧပြီလ ၂၁ရက် နံနက်ပိုင်းက လမ်းလျှောက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ယင်းလှုပ်ရှားမှုမျိုး လေးလတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း One Myanmar အဖွဲ့မှ ကိုမိုးကျော်သန့်က ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် လူဦး ရေ ၅၀ ၀န်းကျင် ပါဝင်ပြီး စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်အနီးမှ ပြည်လမ်းမအတိုင်း လှိုင်မြို့နယ်ရှိ အင်းလျားကန်ဘောင်အထိ လမ်းလျောက်ခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် တို့ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းလျောက်လှုပ်ရှားမှုတွင်''နိုင်ငံတော် အုပ်ချုပ်ရေးကဏ္ဍမှ သမ္မတကြီး၏ လက်ရှိဆောင်ရွက်ချက်များကို အပြည့်အ၀ ယုံကြည် ထောက်ခံပါသည်'' ''နိုင်ငံတော် သမ္မတ ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိသော ဖြစ်ထွန်းတိုးတက်မှုများကို ကြိုဆိုထောက်ခံပါသည်'' ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

''ဒီလိုလမ်းလျောက်ပွဲမျိုးကို လေးလတစ်ကြိမ် ပြုလုပ်သွားမှာပါ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် တက်နိုင်သလောက် လုပ်ဆောင်တာပါ'' ဟု လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် One Myanmar အဖွဲ့မှ ကိုမိုးကျော်သန့်ကပြောသည်။

One Myanmar အဖွဲ့မှ ကိုဆွေဆန်ဦးက ''ကျွန်တော်တို့ ဘယ် ပါတီ ဘယ်အဖွဲ့အစည်းရဲ အရိပ်ကို မှ မယူပါဘူး။ ကျွန်တော်တို့ မိတ် ဆွေနှစ်ယောက်သုံးယောက်ကနေ ဒီကိစ္စကို လုပ်ချင်လို့ဆိုလို့ လုပ်ရ တာပါ။ ရှင်းလင်းစွာပြောရရင် ကျွန် တော်တို့ရဲ့နောက်မှာ ဘယ်သူမှ မရှိပါဘူး။ အခု ဆိုင်းဘုတ်မှာပါတဲ့ နိုင်ငံတော်သမ္မတဆိုတဲ့ အသုံးအနှုန်းက လည်း နိုင်ငံတော်သမ္မတက လက်ရှိ ကျွန်တော်တို့နိုင်ငံကို ပဲ့ကိုင်တဲ့သူ ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ချီးမွမ်းမယ်။ အဲဒီလိုချီးမွမ်းရင် သူက ဒီထက်ပိုပြီး ကောင်းတဲ့လုပ်ရပ်တွေကို လုပ်လာနိုင်တယ်။ အဲဒီလိုယူဆပြီး လုပ်တာပါ'' ဟု ပြောပြသည်။

အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကိုဝင်းကျော်က'' ကျွန်တော် ကဒေါပုံကလာတာပါ။ ကျွန်တော့် အသိက ခေါ်လို့လိုက်လာတာပါ။ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် တယ်ဆိုတာ ဒီရောက်မှသိတာပါ'' ဟု ပြောပြသည်။

Eleven Media Group