Pages

15.5.13

ကမ္ဘာကျော် Starbucks ကော်ဖီဆိုင် မြန်မာနိုင်ငံကို ၀င်ရောက်ရန် စိတ်ဝင်စား


၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ကမ္ဘာကျော် Starbucks ကော်ဖီက မြန်မာနိုင်ငံကို ၀င်ရောက်ရန် မျက်စိကျနေကြောင်း Starbucks မှ စီအီးအိုက ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ပြောကြားလိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

Starbucks စီအီးအိုက မြန်မာနိုင်ငံသို့ လာမည့်နှစ် အနည်းငယ်အတွင်း ၀င်ရောက်ရန် ရည်ရွယ်ထားသည်ဟု ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် တည်ထောင်မှု ၁၅ နှစ်ပြည့်အဖြစ် ကျင်းပသည့်ပွဲတွင် ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကော်ဖီဆိုင်ခွဲများစွာ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက နောက်လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် အရေအတွက်ကို ယခုထက် နှစ်ဆဖြစ်သည်အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားပြီး အမေရိကန်နိုင်ငံ၏ ပြင်ပတွင် ပထမဆုံး Starbucks Community Store ကို ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ Community Store ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်များကို ဒေသခံများလည်း ခံစားရစေရန် မျှဝေမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မဟာဆန်မုန်တိုင်း ကြာသပတေးမှာ အားအကောင်းဆုံး ဖြစ်နိုင်


မေလ ၁၅ ရက်



မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....
 
၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့
အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း)
အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့်
ဆက်လက် ရွေ့လျားနေခဲ့ပါတယ်။

(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေပါတယ်။

(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုပဲ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင်
မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်
အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင်း မျောပါရွေ့လျားနေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့
လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ
ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

မှတ်ချက်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်ထဲတိုးဝင်လာတဲ့အခါ
ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။

ဧရာဝတီblog

မဟာဆန်မုန်တိုင်းနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ ဒီမနက်ခန့်မှန်းချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

သံတမန်ဝန်ထမ်းဟန်ဆောင်ထားသည့် CIA အေးဂျင့်အား ရုရှား ဖမ်းဆီး


၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေးအရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင် သံတမန်ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ တာဝန်ထမ်းဆောင်နေသော အမေရိကန် CIA အေးဂျင့်တစ်ဦးအား မော်စကိုမြို့တွင် ရုရှား တန်ပြန်ထောက်လှမ်းရေးဌာနက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း RT News တွင် ဖော်ပြသည်။ ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးလိုက်သည့် CIA အေးဂျင့်၏အမည်မှာ ရိုင်ယန်ခရစ္စတိုဖာ ဖော့ဂ်လီဖြစ်ကြောင်း၊ ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ နိုင်ငံရေးရာဌာနတွင် သံတမန်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရုရှား Federal Security Service (FSB) က အတည်ပြု ပြောကြားသည်။

Planet