အက်စ်တန်ဗီလာနှင့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အလွန်အရေးကြီးသော အခြေအနေ ဖြစ်လာပြီဟု နောက်ခံလူ ဖီးလ်ဂျုံးစ်က ဝန်ခံ ပြောကြားလိုက်သည်။
လက်ရှိ အင်္ဂလန် ချန်ပီယံ အသင်းသည် ပရီးမီးယားလိဂ်တွင် (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးနောက် ဗီလာပါ့ခ်တွင် မဖြစ်မနေ (၃)မှတ်ရယူရန် ဖိအားဝင်နေပြီ ဖြစ်သည်။ ထို့အပြင် ယူနိုက်တက်သည် အာဆင်နယ်နောက် (၁၃)မှတ်ထိ ပြတ်ကျန်နေပြီဖြစ်ရာ ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားခဲ့သည်။
Pages
▼
14.12.13
မြန်မာ အမျိုးသမီး ကရာတေးဒိုအဖွဲ့ ရွှေ တံဆိပ် ဆွတ်ခူး
မြန်မာ အမျိုးသမီး ကရာတေးဒိုအဖွဲ့က အသင်းလိုက် ခတပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် ကရာတေးဒိုအားကစားဖြင့် ရွှေ တံဆိပ် ဆွတ်ခူးပေးလိုက်သည်။
ဒုတိယ- ဗီယက်နမ်
ပူးတွဲတတိယ- အင်ဒိုနီးရှား-မလေးရှားနိုင်ငံ
==========ဓာတ်ပုံ- MOI Webportal Myanmar
Popular Journal
ဒုတိယ- ဗီယက်နမ်
ပူးတွဲတတိယ- အင်ဒိုနီးရှား-မလေးရှားနိုင်ငံ
==========ဓာတ်ပုံ- MOI Webportal Myanmar
Popular Journal
ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုင်ဖုန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့
ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၈၀၀ နီးပါး ပျောက်ဆုံးလျှက်ရှိကြောင်း၊ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သတင်း (၅)ပတ်အကြာတွင် ဖိလစ်ပိုင်နိုင်ငံ အစိုးရက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သတင်း (၂)ပတ်ခန့်အကြာက သေဆုံးသူဦးရေ ၄၀၀၀ ခန့်ရှိသည်ဟုပြောကြားခဲ့ ပြီးနောက် ယခုထပ်မံပြောကြားလိုက်သည့် သေဆုံးသူစာရင်း ထုတ်ပြန်ချက် ဖြစ်သည်။
ပြီးခဲ့သည့် သတင်း (၂)ပတ်ခန့်အကြာက သေဆုံးသူဦးရေ ၄၀၀၀ ခန့်ရှိသည်ဟုပြောကြားခဲ့ ပြီးနောက် ယခုထပ်မံပြောကြားလိုက်သည့် သေဆုံးသူစာရင်း ထုတ်ပြန်ချက် ဖြစ်သည်။
ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်
ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။
ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော် ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မြင်းစီးအလှပြိုင်ပွဲမှာ ဆုချီးမြှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော် မြင်းစီးအလှပြိုင်ပွဲမှာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မြန်မာ့အလှ" မြင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
မြင်းစီးအလှပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံက ပထမ၊ မြန်မာက ဒုတိယနဲ့ စင်္ကာပူက တတိယ ရရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအသင်းအားကစားသမားတွေအနေနဲ့ ကျန်ရှိနေတဲ့ အားကစားပြိုင်ပွဲတွေမှာ စိတ်ဓါတ်ကိုသာ အဓိကအားထား ယှဉ်ပြိုင်သွားကြဖို့ အားပေးစကား ပြောကြားခဲ့ပါတယ်။
Photo : RFA/ Myo Thant Khine

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံဘုရင်နှင့်မိဖုရားတို့က တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့တက်ရောက်
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည်ယနေ့ညနေ ၄နာရီတွင် ဂျပန် နိုင်ငံ ဘုရင့်နန်းတော်၌ နှစ်(၄ဝ) ပြည့်အာဆီယံ-ဂျပန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့်အာဆီယံ ခေါင်းဆောင်များနှင့်ဇနီးများအား ဂျပန်နိုင်ငံဘုရင် Akihito နှင့်မိဖုရား Michiko Shoda တို့တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့ တက်ရောက်ရာ(ဝဲပုံ) ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့ က Imperial Palace ၌ ခင်မင်ရင်းနှီးစွာကြိုဆို
နှုတ်ဆက်ပြီးဂုဏ်ပြုလက်ဖက်ရည် ပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နှုတ်ဆက်ပြီးဂုဏ်ပြုလက်ဖက်ရည် ပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်
ရန်ကုန်မြစ်တွင်းရှိ ဆိပ်ကမ်းမြို့နယ် သက်ကယ်ကွင်း ကျေးရွာ အနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။
သီလဝါဆိပ်ကမ်း အရှေ့ဘက်ရှိ ရေလယ်တွင် ကျောက်ချ ရပ်နားထားသော စင်ကာပူ ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ ဒီဇယ် ဂါလန် သုံးသိန်းတစ်သောင်းကို ကမ်းခြေသို့ သယ်ဆောင်လာသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲယာဉ်မှာ ဦးဆိုက်သွားသဖြင့် နီးစပ်ရာ

ချစ်ခင်လေးစားရပါသော အားကစားဝါသနာရှင်ပရိသတ်များခင်ဗျာ....
ဒီတစ်ခါစာရေးမှာကတော့ ဥက္ကဌ မဟုတ်ပဲကျွန်တော်တို့ Admin Team ကိုယ်တိုင်ပဲဖြစ်ပါတယ်။အမိ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်စွာကျင်းပယှဉ်ပြိုင်လျက်ရှိတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး နည်းနည်းလောက်ရေးသားတင်ပြပါရစေ။မြန်မာပြည်သူ တစ်ရပ်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြိုနေကြတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီးဟာ ၁၁/၁၂/၂၀၁၃ ကစလို့တရားဝင်ကျင်းပဖွင့်လစ်လိုက်ပြီဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း အထူးပဲစိတ်ဝင်တစား၊ နှစ်ခြိုက်စွာအားပေးခဲ့တာကို ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။
ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား
(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။
လက်မှတ်ဝယ်ယူမှုမြင်ကွင်းများ
မြန်မာအမျိုးသမီးအသင်းကိုအားပေးဖို့ မန္တလေးမြို့မှာ လက်မှတ်တွေ အခုလို အပင်ပန်းခံ ၀ယ်ယူနေကြတဲ့ ပရိသတ်ကို လေးလေးနက်နက် ဂုဏ်ပြုပါတယ်။ ပရိသတ်ရဲ့ ပင်ပန်းမှုကို မြန်မာအမျိုးသမီးအသင်းကလည်း နိုင်ပွဲနဲ့ ပြန်ပြီးတုံ့ပြန်ကျေးဇူးဆပ်သွားမှာဖြစ်ပါတယ်။
Myanmar Football Federation
Myanmar Football Federation
ပေါက်တာ ဘင်္ဂါလီ ဒုက္ခသည်စခန်း မီးလောင်မှု အိမ်ထောင်စု သုံးရာနီးပါး အိုးအိမ်မဲ့
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၂၈၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။
မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုသည် ထမင်းချက်ရာမှ လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ထောင်စု ရှစ်စုစီ နေထိုင်သည့် တန်းလျား ၃၄ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ငှက်ချောင်း ဒုက္ခသည်စခန်းမှာ အမျိုးသားတစ်ဦးက ဆိုသည်။
“ဟင်းချက်ဖို့အတွက် ဆီချက်နေတယ်။ အဲဒီအချိန်မှာ ကလေးငိုနေလို့ သွားယူတဲ့ အချိန် မီးလောင်တာပါ” ဟု ဟင်းချက်ပြုတ်သည့် အမျိုးသမီး ပြောဆိုချက်ကို ကိုးကားကာ ၎င်းကပြန်လည် ပြောဆိုသည်။

ဆီးဂိမ်းပိတ်ပွဲ မီဒီယာလက်မှတ် ဖွင့်ပွဲထက် ပိုရမည်ဟုဆို
ဆီးဂိမ်းပိတ်ပွဲလက်မှတ်မီဒီယာများဖွင့်ပွဲထက်လက်မှတ်ဆောင်ရေ
ပိုရမည်ဟုပြန်ကြားရေးဝန်ကြီးဌာနက
ယနေပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ ဖွင့်ပွဲမှာသတင်းထောက်တွေ သတင်းရရေးခွင့်နဲပတ်သတ်ပြီး
များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ပွဲကျင်းပခါနီးအပြောင်းအလဲကြောင့်
လက်မှတ်ဆောင်ရေနည်းပြီးဝင်ခွင့် နည်းသွားတာပါ၊ပိတ်ပွဲမှာတော့ဒီလို မျိုးမဖြစ်အောင် လက်မှတ်စောင်ရေပိုတောင်းထားပါတယ်“ဟု
ပြန်ကြားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှုးဦးဝင်းကြည်ကပြောသည်။

အင်တာနက်ပေါ်မှ ဝေဖန်မှုများကို အလေးထားမည် မဟုတ်ဟု ကေတီပယ်ရီဆို
Unconditionalllyစတား အဆိုတော်က သူမအကြောင်း အလွန်အကျွံ ရေးသားမှုများအကြောင်း ဖတ်လေ့ မရှိသလို အင်တာနက်ပေါ်တွင် မိမိအမည်ကို ပြန်လည်ရှာဖွေကာ သတင်းများ ဖတ်ရှုခြင်းကိုပင် ရှောင်ရှားလေ့ရှိကြောင်း ဖွင့်ဟခဲ့
အင်တာနက်ပေါ်မှ ဝေဖန်စကားများကို မိမိအနေဖြင့် အလေးထား နားထောင်နေမည် မဟုတ်ဟု ကေတီပယ်ရီက ပြောကြားခဲ့သည်။ သူမက အင်တာနက်ပေါ်တွင် ပြောဆိုနေမှုများကြောင့် မိမိ၏ ကိုယ်ပိုင်ယုံကြည်ချက်ကို တိုးပွားမြင့်တက်လာစေနိုင်မည့် အကြောင်းမရှိဟု ဆိုသည်။ Unconditionalllyစတား အဆိုတော်က သူမအကြောင်း အလွန်အကျွံ ရေးသားမှုများအကြောင်း ဖတ်လေ့ မရှိသလို

ကာတာလိုနီးယား ခွဲထွက်ရေးကို စပိန်အစိုးရ တားဆီးမည်
ကာတာလိုနီးယားကို လွတ်လပ်ရေး ကြေညာခွဲထွက်ရန်အတွက် လာမည့်နှစ် နိုဝင်ဘာလတွင် ပြည်လုံးကျွတ် ဆန္ဒမဲ ကောက်ခံပွဲကြီးတစ်ခု ပြုလုပ်သွားရန် ဒေသတွင်း ပါတီများက ကြိုးစားနေသည်
စပိန်အစိုးရ အနေဖြင့် ကာတာလိုနီးယား ဒေသမှ နိုင်ငံရေး ပါတီများ၏ လွတ်လပ်ရေး ခွဲထွက်ကြေညာရန် တောင်းဆိုမှုများကို ပိတ်ပင်သွားရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။ ကာတာလိုနီးယားကို လွတ်လပ်ရေး ကြေညာခွဲထွက်ရန်အတွက် လာမည့်နှစ် နိုဝင်ဘာလတွင် ပြည်လုံးကျွတ် ဆန္ဒမဲ ကောက်ခံပွဲကြီးတစ်ခု ပြုလုပ်သွားရန်

အိန္ဒိယ ပညာရှင်တစ်ဦး တီထွင်မိတ်ဆက်လိုက်သည့် Smarty Ring
နည်းပညာ အသုံးအဆောင်အဖြစ် စမတ်လက်ပတ်နာရီ (Smart Watch)များကို အပြိုင်တီထွင်နေချိန်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင် တစ်ဦးက ယင်းထက်ပို၍ ကျစ်လစ်သေးငယ်သည့် နည်းပညာ အဆင်တန်ဆာ တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်
ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် နည်းပညာ အသုံးအဆောင်အဖြစ် စမတ်လက်ပတ်နာရီ (Smart Watch)များကို အပြိုင်တီထွင်နေချိန်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင် တစ်ဦးက ယင်းထက်ပို၍ ကျစ်လစ်သေးငယ်သည့် နည်းပညာ
ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် နည်းပညာ အသုံးအဆောင်အဖြစ် စမတ်လက်ပတ်နာရီ (Smart Watch)များကို အပြိုင်တီထွင်နေချိန်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင် တစ်ဦးက ယင်းထက်ပို၍ ကျစ်လစ်သေးငယ်သည့် နည်းပညာ
စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ
ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာ
မှာ ရေးထားပါတယ်။
သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။
Ziyi Kuek ဆိုတဲ့ တယောက်က FHM မဂ္ဂဇင်းမော်ဒယ်ပါ။
အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ်မှာ ကော်ဖီဆိုင်ထိုင်ဖို့အသွား

Sea Dream ကမ္ဘာလှည့်သင်္ဘော ဒုတိယအကြိမ်ရောက်ရှိ
ကမ္ဘာလှည့်ခရီးသွားသင်္ဘော တစ်စင်းဖြစ်သော Sea Dream II သင်္ဘောသည် ရန်ကုန်မြို့ ပန်းဆိုး တန်းလမ်းဒလသင်္ဘောဆိပ်ဖြစ်သည့် နန်းသီတာသင်္ဘောဆိပ်သို့ ယနေ့ ညနေ ၃ နာရီ ၁၅မိနစ်တွင်ဒုတိယ အကြိမ်ထပ်မံရောက်ရှိလာခဲ့သည်။
အဆိုပါ Sea Dream II သင်္ဘောသည် နော်ဝေနိုင်ငံမှထုတ် လုပ်သောသင်္ဘောတစ်စင်းဖြစ်ကာ ပွင့်လင်းရာသီများတွင် အရှေ့တောင် အာရှနိုင်ငံများသို့ လှည့်လည်သွား လာနေသော သင်္ဘောတစ်စင်းဖြစ် ပြီး ယခုအခါရန်ကုန်မြို့သို့ Myanmar Voyages ခရီးသွားကုမ္ပဏီ ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ရောက်ရှိလာခြင်းဖြစ် ကြောင်း Myanmar Voyages ခရီးသွားလုပ်ငန်းကုမ္ပဏီမှ သိရ သည်။

ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်ကား.
အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၇ ကားအနက် အကယ်ဒမီ ဆုရရန် ရေပန်းအစားဆုံး မှာ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်နေပါတယ်။ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီးဟာ နဝရတ်ရဲ့ ကိုယ် ပိုင်ထုတ်လုပ်ရေး ‘ငွေလမင်း’ ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူ တစ်ယောက်မှာ အတ္တစိတ်ဖုံးလွှမ်းကြီးစိုးလာတဲ့ အချိန် အခါ ဖြစ်တတ်တဲ့ အယူအဆ၊ ခံယူမှုလွဲမှား မှုမှ တစ်ဆင့် မှားတတ်တဲ့ လူ့ဘဝ ပြဿနာများနဲ့ မိဘမေတ္တာဘွဲ့ ဒရာမာဇာတ်လမ်းကို မန္တလေး၊ စစ်ကိုင်းရှိ လှပသောရှုခင်းများနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တို့က အကောင်းဆုံးပုံဖော်အားထုတ်ဖန် တီးခဲ့ကြခြင်းဖြစ်ပါတယ်။ အဲဒါ ကြောင့် အခုတစ်ပတ်မှာတော့ ‘တိမ် မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ် ကားကြီးကို အဖက်ဖက်ကနေ ကြိုး စားအားထုတ် ခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တို့ရဲ့ အဲဒီဇာတ် ကားရိုက် ကူးစဉ်က အတွေ့အကြုံ အခက်အခဲများနဲ့ အကယ်ဒမီအကြို စကား သံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
အမျိုးသမီးလက်ဝှေ့တွင် မြန်မာ ရွှေတံဆိပ်ရယူ
BOXING Women's 57 Kgတွင်
နွယ်နီဦး (မြန်မာ) က NESTHEY PETECIO (ဖိလစ်ပိုင်) ကို အနိုင်ကစားပြီး BOXING အတွက် ပထမဦးဆုံးရွှေတံဆိပ်ရယူနိုင်ခဲ့သည်။
Photo ; A ဇော်
27th SEA Games Daily News
ယီမင်မှ မင်္ဂလာပွဲ ယာဉ်တန်း အယ်လ်ကေဒါးနှင့်မှားပြီး တိုက်ခိုက်ခံရ
ဒီဇင်ဘာ ၁၂ရက်က ယီမင်နိုင်ငံအလယ်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ ယာဉ်တန်းကို အမေရိကန် ဒရုန်းက အယ်လ်ကေဒါး အကြမ်းဖက်သမားများနှင့် အမြင်မှားပြီး ပစ်ချခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်မှုသည် အယ်ဘေဒါ ပြည်နယ်
အလယ်ပိုင်း ကွိုင်ဖာရွာတွင်ဖြစ်ပွားခဲ့သည်။
ယခု ပစ်ခတ်မှုအပေါ် သတင်းအမျိုးမျိုးထွက်လျက်ရှိရာ ကနဦးက ဒရုန်းထိန်းချုပ်သူသည် အယ်လ်ကေဒါး ယာဉ်တန်းနှင့် အမြင်မှားပြီး ပစ်ချခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားလုံခြုံရေးဆိုင်ရာ တရားဝင်ပြောကြားချက်များတွင်မူ အယ်လ်ကေ ဒါးတို့သည် မင်္ဂလာပွဲနှင့်ဝင်ရောကာ ကိုယ်ရောင်ဖျောက်ရန် ကြိုးပမ်းခဲ့သည်ဟု