အိုမန်နိုင်ငံတွင် မြန်မာယူ-၂၂ အသင်း သွားရောက်ယှဉ်ပြိုင်နေသည့် AFC U22
Championship 2014 ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် မြန်မာ ယူ ၂၂
အသင်းသည် ဂျော်ဒန် ယူ၂၂ ကို (၁း၆)ဂိုးဖြင့် အရေးနိမ့်သွားခဲ့ပြီး
သုံးပွဲကစား သုံးပွဲရှုံး၊ ပေးဂိုး ၁၃
ဂိုး၊ ရဂိုး တစ်ဂိုးဖြင့် ပြိုင်ပွဲမှ
ထွက်ခဲ့ရပြီဖြစ်သည်။
တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တွင်
တောင်ကိုရီးယားက အိုမန်ကို (ဝး၂) ဂိုးဖြင့် အနိုင်ရသွားခဲ့သောကြောင့်
အိမ်ရှင် အိုမန်အသင်းလည်း အုပ်စု အဆင့်ဖြင့်ပင် ကျေနပ်ခဲ့ရသည်။
အုပ်စု (က)တွင် ဂျော်ဒန်က အုပ်စု ပထမ၊ တောင်ကိုရီးယားက အုပ်စု ဒုတိယဖြင့်
နောက်တစ်ဆင့် တက်သွားခဲ့ပြီး အိမ်ရှင်ဖြစ်သည့် နာမည်ကြီး အိုမန်အသင်းနှင့်
မြန်မာအသင်းတို့ အုပ်စုမှထွက်ခွာခဲ့ရပြီဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment