မြန်မာနိုင်ငံတွင် အမျိုးသားနှင့် အမျိုး သမီး ခွဲခြားမှု သိပ်မရှိဟု ထင်ရသည့် အနေ အထား ရှိကြောင်း ရေဗက္ကဝင်းက ပြောသည်။
”အမျိုးသမီးငယ်တွေ မှာလည်း ပညာသင် ခွင့်ရတယ်။ အလုပ်အကိုင်
အခွင့်အလမ်း လည်း ရလာကြတယ်။ နေရာ တော်တော်များ များမှာ ကြည့်လိုက်ရင်
ဒေါက်တာဘွဲ့၊ မာစတာ ဘွဲ့ တို့မှာ အမျိုးသမီးတွေ ရတာများတယ်။ အလုပ်အကိုင်
ခွင့်လမ်းလည်း အမျိုးသမီးတွေ ပိုများလာကြပါတယ်” ဟု ရေဗက္ကဝင်း က ပြော သည်။
”အမျိုးသမီးတွေကို ဘာမှ လုပ်မပေးနိုင် ရင်တောင် စာနာနှစ်သိမ့်ပေးချင်တဲ့
စိတ်၊ ဖေးမ ကူညီပေးချင်တဲ့ စိတ်ကြောင့် အမျိုးသမီး ဖိုရမ်မှာ အမျိုးသမီး
သံတမန် အဖြစ် ပါဝင်တာ ပါ” ဟု ရေဗက္ကဝင်း က ပြောသည်။
ရေဗက္ကာဝင်းကို
ပထမ အကြိမ် အမျိုးသမီး ဖိုရမ်မှ (အထက်မြန်မာပြည်) အမျိုးသမီး သံတမန် အဖြစ်
”အမျိုးသမီး များ၏ အရေးကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားရန်နှင့်
အမျိုးသမီး များ၏ အခွင့်အရေးကို မြှင့်တင်ရန်၊ ကာကွယ် စောင့်ရှောက်ရန်၊
ပြည်သူ များထံ သတင်းစကား ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပြီး ခန့်အပ်
ထားကြောင်း သိရသည်။
”တကယ်တမ်း ကြည့်လိုက်ရင် အမျိုးသမီး တွေဟာ
တန်းတူ အခွင့်အရေး မရကြဘူး။ ရချင်ကြတယ်။ အဲဒီမေးခွန်းက ဘာဖြစ်လို့
ဖြစ်လာရလဲ ဆိုတော့ ဥပမာ အမျိုးသမီး တစ် ယောက်မွေးလာရင် ယောက်ျားလေးနှင့်
မိန်းကလေး ခွဲခြားတဲ့ စိတ်ရှိသလိုမျိုး မိန်းကလေး ကလည်း ငါ မိန်းကလေးပဲ။
ယောက်ျားလေး တွေကတော့ ငါယောက်ျား ပဲဆိုတဲ့ စိတ်တွေ ရှိကြတယ်။ ညီအစ်ကို
မောင်နှမ ပတ်ဝန်းကျင် အသိုင်းအဝိုင်း က ယောက်ျားလေးတွေ ဆိုရင် ပိုပြီး
အလေးပေးထားတာ ငယ်စဉ်ကလေး ကတည်း ကပဲ။ မိန်းကလေး ယောက်ျားလေး မွေးလာခါစ
ကတည်းက ခွဲခြား ဆက်ဆံ ခံရရင် ကြီးလာရင်လည်း အဲဒီစိတ်က ကြီးစိုးနေ
မှာဖြစ်တယ်”ဟု ၄င်းက ပြောသည်။
”အမျိုးသမီးတွ မှာလည်း နိုင်ငံရေး၊
စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေမှာ နေရာရ ကြပါတယ်။ နိုင်ငံရေး နယ်ပယ်ဘက်
ပြောရင် အမျိုးသား၊ အမျိုးသမီး ပဲဖြစ်ဖြစ် ပါတီ ဝင်တွေရဲ့ ယုံကြည်
အားကိုးမှု၊ ပြည်သူ လူထုတွေရဲ့ အားကိုးယုံကြည်မှုကို ရရှိဖို့ အတွက်
အမျိုးသမီး တစ်ယောက်ထက် အမျိုးသား တစ်ယောက်က ယုံကြည် အားကိုးမှု ရဖို့က
ရာခိုင်နှုန်း များတာပေါ့။ သူက ယောက်ျား ဆိုတော့ ဦးဆောင်နိုင်တယ်လေ။
အမျိုးသမီးတွေ အတွက် ပတ်ဝန်းကျင်၊ ကျောင်း၊ မိဘ၊ ဆွေမျိုး အသိုင်း
အဝိုင်းတွေ က ဝိုင်းဝန်း ဆောင် ရွက်မှသာလျှင် အမျိုးသမီး တွေက
ပိုပြီးယုံကြည်မှု ရလာ မှာ ဖြစ်တယ်” ၄င်းက ဆို သည်။
ထူးထူး
Popular Myanmar
No comments:
Post a Comment