ကချင်ပြည်နယ်မိုးညှင်းမြို့တွင် လူပေါင်း(၆၀၀)ကျော်ဆန္ဒပြပွဲပြုလုပ်ပြီး
အမှတ်(၂)အောင်သပြေဈေး သို့ ပြောင်းရွေ့လာခဲ့သော ဈေးသည်များသည် မြို့နယ်စည်ပင်သာယာရေးအရာရှိ
ဦးစီးအသစ် ဦးလှမိုး၏ ဆောင်ရွက်ချက်များ ကို ညောင်ပင်ဈေးမှ
ရွေ့ပြောင်း လာသော ဈေးသူဈေးသားများမှ လက်ခံယုံကြည်လာသဖြင့်
ဦးစီးအရာရှိနှင့် ပူးပေါင်းခြင်းဆောင်ရွက်ခဲ့ရာ တစ်နှစ်ပြည့် အထိမ်းအမှတ်
နှစ်ပါတ်လည်အဖြစ် အမှတ်(၂)အောင်သပြေဈေးရှေ့၌ ပျော်ပွဲရွှင်ပွဲများ
ပြုလုပ်ခဲ့ကြောင်း ဈေးအဖွဲ့မှ သိရသည်။
“အခုစဉ်ပင်အရာရှိဦးလှမိုးက အရင်ကစည်ပင် အရာရှိနဲ့ မတူတဲ့ အချက်တွေရှိတယ်။
သူကလုပ်ပေးမယ်ဆိုပြီး ဖြစ်အောင် အကောင်အထည် ဖော်တယ်။ အရင်က
ဦးစီးတွေလိုလည်း ပုံပြင်မပြောဘူး။ လိမ်ညာမှုမရှိဘူး။ ဆန္ဒပြပွဲတွေ
လုပ်စရာမလိုဘဲ သူက ပြည်သူတွေအတွက် ဂတိတည်တယ်။ ဂတိတလုံးကို လွယ်လွယ်နဲ့လည်း
မပေးခဲ့ဘူး၊ သူလုပ်နိုင်သလောက်ပဲ ရှင်းပြပြီး လုပ်ပေးတော့ အားလုံးက
နားလည်ကြတယ်”ဟု တစ်နေ့လုံး ရောင်းချသော အောင်သပြေဈေးမှ ဈေးသည်တစ်ဦးက
ပြောသည်။
“အတတ်နိုင်ဆုံးပြည်သူတွေအတွက် လုပ်ဆောင်တာပါ၊
အားလုံးကိုပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်ပါတယ်၊ ဘယ်သူမှပြဿနာ
မရှိစေချင်ဘူး၊ အများက စိတ်ချမ်းသာရင် ကိုယ်လည်း စိတ်ချမ်းသာပါတယ်၊
မိုးညှင်း တစ်မြို့လုံးအတွက် တတ်စွမ်း နိုင်သလောက် ကြိုးစား
ဆောင်ရွက်သွားမှာပါ”ဟု မြို့နယ်စည်ပင်ဦးစီးအရာရှိ ဦးလှမိုးက ပြောသည်။
ပျော်ပွဲရွှင်ပွဲများကိုမုန့်စားပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲများ၊
အပြေးပြိုင်ပွဲ စသည့်ကစားနည်းမျိုးစုံဖြင့် ဈေးသည်၁၀၀ကျော်
ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်စည်ပင်ဦးစီးအရာရှိမှ မတည်ငွေ၅သောင်းကျပ်
ပေးအပ်ထားကြောင်း၊ ဦးစီးအရာရှိ ဦးလှမိုးကိုယ်တိုင်
ဆုများချီးမြင့်ပေးခဲ့ကြောင်း ယခင်ညောင်ပင်ဈေး ဆန္ဒပြပွဲခေါင်းဆောင်
မ၀င်းခိုင်ကပြောသည်။
သီဟအောင်(ကချင်)
မြန်မာ့ခေတ်
No comments:
Post a Comment