ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း
ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်
ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးနှင့်
ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင်
ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်သူလူထု အခွန်အခ
မတတ်နိုင်ဘူးဆိုတာကို အဲဒီမှာ စုရုံးခွင့်၊ ဟောပြောနိုင်ခွင့်အတွက်
နေရာတွေကို မြို့တိုင်းရွာတိုင်းမှာ ရှိအောင် ကျွန်တော်တို့ပြန်တောင်း
ဆိုရမယ်။ တောင်းကိုတောင်းရ မယ်။ နိုင်ငံသားအခွင့်အရေးအ ပြည့်အဝ ရဖို့ဆိုရင်
ကျွန်တော်တို့ ထုတ်ဖော်နရမယ်။ နေရာပေး ပါ။ စည်ပင်သာယာကပေးမလား၊
အိုးအိမ်ကပေးမလား ဘယ်သူပေး ပေး၊ အုပ်ချုပ်တဲ့အစိုးရပေးမလား။ ဘယ်သူပေးပေး
ပြည်သူလူထုနေ ရာတွေကို ပြန်ပေးဖို့တောင်းဆိုပါ တယ်''ဟု ဦးမင်းကို နိုင် က
တောင်း ဆိုခဲ့သည်။
ပြည်သူလုထု ဆိုသည်မှာ တိုင်းပြည်၏
အရှင်သခင်ဖြစ်သည့် အတွက် အရှင်သခင်ကျေနပ်မှုမ ရှိသည့်အကြောင်းအရာကို ချက်
ချင်း ပြောဆိုတောင်းဆိုနိုင်ရန်အ တွက်နေရာလိုအပ်ကြောင်း ယင်း က
ဆက်လက်ပြောသည်။ ''ဥပဒေဆိုတာ ပြည်သူ ရဲ့ အပေါ်က ကျလာတာဖြစ်နေတယ်။
နောက်နောင်မှာ ဥပဒေဆိုတာ ပြည်သူက ပြဋ္ဌာန်းတာဖြစ်အောင် လို့
ကျွန်တော်တို့အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်း ကြိုးစားသင့်တယ်'' ဟု
ဦးကိုကိုကြီးက ပြောသည်။
၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးက
''ဒီနေ့ပွဲဟာ နောင် လာမယ့် ဆန္ဒပြပွဲတွေအတွက်အ တုယူစရာဖြစ်လာမှာပါ။
ကျွန်တော် တို့ပြည်သူတွေဟာ စည်းရှိကမ်း ရှိဆန္ဒပြတတ်တယ်ဆိုတာ ကြွေး
ကြော်တဲ့ပွဲဖြစ်ပါတယ်''ဟု ပြည်သူ လူထုအား ဟောပြော ခဲ့သည်။
အဆိုပါဆန္ဒပြမှုသည် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဆောင် ခြင်းဖြစ်ပြီး
၎င်းတို့မှဦးဆောင်မှု ဖြင့် လူမှုအဖွဲ့အစည်းပေါင်း ၅၉ဖွဲ့ မှ
ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး သက်ဆိုင်ရာမှာ တရားဝင်ခွင့်ပြု ချက်ဖြင့်
ပြုလုပ်ခဲ့ကြ ခြင်းဖြစ် သည်။
ထို့ပြင် လွှတ်တော်ကိုယ်စား
လှယ်များလည်း တက်ရောက်ခဲ့ပြီး ပြည်သူများက တခဲနက်အားပေး ထောက်ခံခဲ့ကြကာ
ဦးမင်းကိုနိုင် က တက်ရောက်လာသောပြည်သူ များသို့ ''ဒီထဲမှာ ၃ဝဝဝရလို့တက်
တဲ့သူတွေပါလား။ တစ်အိမ်တစ် ယောက်နှုန်း ဖြင့် မတက် မနေရ၊ မတက်ရင်
တည်ဆဲဥပဒေအရအ ရေးယူမယ်ဆိုလို့ တက်တဲ့သူများ ပါသလား''ဟု မေးမြန်းခဲ့သည်။
ယင်းဆန္ဒပြပွဲအား ယခင် က ဇန်နဝါရီလ၄ရက်(လွတ်လပ် ရေးနေ့)တွင်
ပြုလုပ်ရန်ခွင့်ပြုမိန့် တင်ခဲ့သော်လည်း သက်ဆိုင် ရာ မှ ညှိနှိုင်းမှု
ကြောင့် ယခုကဲ့သို့ ဇန် နဝါရီ၅ရက်သို့ ပြောင်းလဲပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးတွင် ပြည်သူလူထုအား ဟောပြောနေသည့် ဦးမင်းကိုနိုင်အား တွေ့ရစဉ်။ဓာတ်ပုံ - အေအက်ဖ်ပီ
ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း
The Yangon Times
No comments:
Post a Comment