ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကစီယာဉ် တင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄
ခုနှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော
ပိတ်ဆို့မှုနှင့် ယာဉ် ကြော
ကျပ်တည်းမှုများ ဖြစ်ပေါ်လျက် ရှိနေခြင်း
အတွက်ကြောင့် ဖြစ်သည်။ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေလျှော့ခြင်းများ
ဆောင်ရွက်မှု ကနဦး လုပ်ဆောင်ပြီးမှသာ ပြန်လည် တင်သွင်း ခွင့်ပြုမည် ဖြစ်ရာ
လက်ရှိ အခြေအနေအရ ဆက်လက် ရပ်ဆိုင်းထားမည်ဖြစ် ကြောင်း သိရသည်။
''ဒီလိုလုပ်ဆောင်တာဟာ ယာဉ်ကြော ပိတ်ဆို့မှုတွေကို အများကြီးတော့ မဟုတ်ပေမဲ့
အနည်း ငယ်တော့ အထောက်အကူဖြစ်မှာပါ၊ အခြေအနေ ပေါ်မူတည်ပြီး တင်သွင်း
ခွင့်ပြန်ပေးမှာပါ၊ ဒီနှစ်ကုန် အထိတော့ ရပ်ထားဦးမယ်'' ဟု ၄င်းက ဆက်လက်
ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့တော်အတွင်း တက္ကစီ
အငှားယာဉ်များသည် လိုအပ်သည်ထက် ပိုမိုများ ပြားစွာ ရှိနေပြီး ယာဉ်ကြော
ကျပ်တည်း လျက်ရှိနေသည်။ ယာဉ်မတော် တဆ ဖြစ်ပွားမှုများကို ကြည့်လျှင်
အိမ်စီးယာဉ်နှင့် တက္ကစီ အငှားယာဉ်များ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှ
စတင်ဖြစ်ပွားမှု ပိုမို များပြားလာကြောင်း သိရသည်။
လက်ရှိတွင်
ရန်ကုန်မြို့အတွင်း၌ တက္ကစီ အငှားယာဉ် အစီးရေ သုံးသောင်းကျော်ခန့်ရှိ နေသည်။
၎င်းတို့ အနေဖြင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း
ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေလျှော့သည့် အနေဖြင့်
ခုံးကျော်တံတားများ တည် ဆောက်ခြင်းနှင့် ယာဉ်မရပ်နားရ ဇုန်များ
ဆောင်ရွက်ခဲ့သော်လည်း အနည်းငယ်သာ ဖြေလျှော့ နိုင်ခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment