ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊
ဦးတင်မောင်၏ နေအိမ်နောက်ဖေးတွင် ဇန်န၀ါရီ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အိမ်သာကျင်းတူးရာမှ ဂျပန်လုပ် စစ်ကျန်ဗုံးသီး ၁၂၀ လုံးအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဗုံးသီးများအား အိမ်သာနေ အိမ်နောက်ဖေး ၁၅ ပေခန့်အကွာတွင်
ဦးတင်မောင်အပါအ၀င် လူသုံးဦးဖြင့် အိမ်သာကျင်းတူးရာမှ
အနက်ခြောက်ပေခန့်သို့ အရောက်တွင် အလျားငါးလက်မခန့်၊ လုံးပတ်ခြောက်လက်မခန့်
ထိပ်ဝနှစ်လက်မခန့် အရွယ်ရှိပြီး ထိပ်ဝတွင် ဂျပန်စာတန်းပါ ဗုံးသီးအလုံး ၁၂၀
အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မနက် ၈ နာရီမှာ စတူးပြီး
ခြောက်ပေလောက်တူးပြီးတဲ့အချိန် နံနက် ၁၁ နာရီလောက်မှာ တူးရွင်းနဲ့တူးရင်း
ဂလုပ်ဆိုတဲ့အသံကြားလို့ သေသေချာချာ တူးကြည့်လိုက်တော့ ဒီဗုံးသီးတွေက
အရှေ့အနောက် အတန်းလိုက်စီပြီး ပုံထားတဲ့အတိုင်း တွေ့ရတာ။ အဲဒါနဲ့
ရွာအုပ်ချုပ်ရေးမှူးဆီ သတင်းပို့လိုက်တာ” ဟု အိမ်သာကျင်းတူးရာမှ
ဗုံးသီးများအား စတင်တွေ့ရှိခဲ့သူ ကိုမင်းဇော်ကဆိုသည်။
အဆိုပါ
ဗုံးသီးများအား ဥယျာဉ်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့်
သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ပြီး အ.မ.တ(၂၀၄)မှ ခေတ္တတပ်ရင်းမှူး
ဗိုလ်ကြီးဝင်းကိုထက်နှင့်အဖွဲ့ လာရောက်စစ်ဆေးခဲ့ရာ လက်နက်တစ်ခုခုဖြင့်
ထည့်သွင်းပစ်ခတ်ရသည့် လူသတ်မိုင်းဟု ယူဆရသော ဒုတိယကမ္ဘာစစ်လက်ကျန်
ဂျပန်လုပ်ဗုံးသီးများဖြစ်ကြောင်း သိရပြီး ယင်းဗုံးများအား ဆက်လက်စစ်ဆေး
ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်တပ်ရင်းသို့
ပေးပို့အပ်နှံရန် ဆောင်ရွက်လျက်ရှိသည်။
ဥယျာဉ်တော်ကျေးရွာတွင် တူးဖော်တွေ့ရှိခဲ့သော စစ်ကျန်ဗုံးသီးဟောင်းများအား တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment