တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့ ၊
အေးရိပ်ငြိမ် ရပ်ကွက် နေအိမ်တစ်ခု ၌ မွေးမြူထားသည့် ဆိတ်မကြီးတစ်ကောင် မှ
ဇန်န၀ါရီ ၁၅ ရက် တွင် ထူးဆန်း သည့် ဦးခေါင်း နှစ်လုံးပါ ဆိတ် ကလေး တစ်ကောင် ပေါက် ဖွား ခဲ့ သည်။
အဆိုပါ ထူးဆန်းသည့် ဦးခေါင်း နှစ်လုံးပါ ဆိတ် ကလေး အား ကော့သောင်းမြို့
၊အေးရိပ်ငြိမ်ရပ်ကွက် သန်းဖြိုးသူလျှပ်စစ်ဓါတ် အားပေး စက်ရုံ အနီး
နေထိုင်သည့် ဦးမြင့်စိုးဦး ၏ နေအိမ် တွင်
မွေးမြူထား သည့် မိဖြူ ခေါ်
မိခင်ဆိတ်မ ကြီး မှ ပေါက်ဖွါး ခြင်းဖြစ်ပြီး ဆိတ်ကလေးတွင် ဦးခေါင်း (၂)
လုံး ပါရှိ ရာတွင် ပုံမှန် နားရွက်အကြီး (၂) ခုနှင့် အရွယ်သိမ်
နားရွက်ငယ်(၂)ခု ပါရှိ ပြီး မျက်စိ(၄)လုံး ၊ ပါးစပ် (၂) ပေါက်ပါရှိ ၍ ကျန်
ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ သည် ပုံမှန် အနေအထား အတိုင်းထူးဆန်းစွာ
မွေးဖွါး ခဲ့ခြင်းဖြစ် သည် ။
ယခုအခါ မိခင် ဆိတ်မကြီး နှင့် ဆိတ်
ကလေး ပါ ကျန်းမာလျှက် ရှိ ရာ ထိုထူးဆန်း စွာ ပေါက်ဖွါး လာသည့် ဆိတ်ကလေး အား
လာရောက်ကြည့်ရှု့လေ့လာ ကြ သည့်မြို့ နေပြည်သူများ ဖြင့်
စည်ကားလျှက်ရှိကြောင်းသတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment