ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြည်ထောင်စု
လွှတ်တော်မှ ပြင် ဆင်ပြဋ္ဌာန်းမည်ဆိုပါက ပြည် ထဲရေးဝန်ကြီးဌာနအနေဖြင့်
လိုက်နာဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ
ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။ ဇန်နဝါရီ၁၃ရက်က
ကျင်းပ သော
ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပထမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ဇင်၏ ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေပုဒ်မ ၁၈အရ အရေးယူ
ခံရမှုများရှိနေသောကြောင့် ဥပဒေအား ပြန်လည်စဉ်းစား သုံးသပ်ပေးရန်
အစီအစဉ်ရှိမရှိ မေးခွန်းအား ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
““ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်
လည်ခွင့်ဥပဒေဟာ ပြည်ထောင် စုလွှတ်တော်က အတည်ပြုထား
တဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပြည်ထောင်စုဥပဒေကပဲ
ပြင်ဆင်ပြဋ္ဌာန်းမယ်ဆိုရင် ကျွန် တော်တို့ လိုက်နာ ဆောင် ရွက် သွားမယ်””ဟု
ယင်းကပြန်လည် ဖြေကြားခဲ့သည်။
ပြည်သူများအနေဖြင့်
ဆန္ဒထုတ်ဖော်ရန်အတွက် ခွင့် ပြုမိန့်တောင်းခံခြင်းများအား
သက်ဆိုင်ရာမှငြင်းပယ်မှုများ ရှိနေသောကြောင့် ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေ ဆိုင်ရာ
လျှောက်ထားချက်များ အား အချိန်နှင့် တစ်ပြေးညီ ခွင့်
ပြုမိန့်ချမှတ်ပေးနိုင်ခြင်းရှိမရှိ ကိုလည်း ဦးအောင်ဇင်က မေး
မြန်းတင်ပြခဲ့သည်။
ပုဇွန်တောင်မြို့နယ် မဲဆန္ဒ နယ်မှဦးအောင်ဇင်က
““ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာစီတန်းခွင့်ကို
ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အားလုံးကဥပဒေ များအရ ခွင့်ပြုထားပြီးဖြစ်နေ
တဲ့ဥပဒေကို ခွင့်ပြုမိန့်တောင်း ခံခြင်း မတောင်း ခံခြင်း ဆိုတာ ဟာ
ဥပဒေရဲ့အထက်မှာ ခွင့် ပြုသူဟာရောက်ရှိနေတယ်လို့ ယုံကြည်ပါတယ်””ဟု တင်ပြခဲ့
သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်
ခွင့်ကိုဥပဒေအရ ခွင့်ပြုထား ပြီးဖြစ်သောကြောင့် ခွင့်ပြုချက် ပါမစ်ကို
ထပ်မံ တောင်း ဆိုရန် မသင့်ဟု ၎င်းင်းအနေဖြင့် ထင်မြင် မိပါကြောင်းလည်း ဦးအောင်
ဇင်က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။
အဆိုပါမေးမြန်းချက်
များနှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က
ငြိမ်းစုစီလျှောက် ထားချက်အားမပြုလုပ်မီ အ နည်းဆုံးငါးရက်အလိုတွင်
လျှောက်ထားရန်လိုကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကလက်ခံ ရရှိပါက သက်ဆိုင်ရာ
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ခွင့်ပြုချက်အရ ခွင့်ပြု
ချက်ထုတ်ပေးခြင်း(သို့)ခွင့်ပြု ရန်ငြင်းပယ်ခြင်းတို့ကိုပြုလုပ်
လျက်ရှိကြောင်း ရှင်းလင်းဖြေ ကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ပုဒ်မ
၁၈နှင့်ပြစ်ဒဏ်ကျခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာ သူကိုဒီငြိမ်းလင်းက ““မတရား
တဲ့ဥပဒေတွေကို အမြန်ဆုံး ပြင်ဆင်သင့်တယ်ဆိုတာ ကျွန် တော်တို့
အမြဲတောင်းဆိုနေ တာပါ။ ပုဒ်မ၁၈ဆိုတာက တော့ သေချာပေါက်ပြင်ဆင်
သင့်တဲ့ဥပဒေတစ်ခုပါ။ ပြည် သူ့တွေရဲ့သဘောထားဆန္ဒ ကိုသူတို့အနေနဲ့ တကယ်လေး
စားတယ်ဆိုရင် အမြန်ဆုံးပြင် ဆင်သင့်တယ်””ဟု ပြောသည်။
ခွင့်ပြုမိန့်လျှောက်ထား သူသည်အချက်အလက်ပြည့် စုံစွာ လျှောက်ထားပါသော်လည်း
သတ်မှတ်ရက်ထက် နောက်ကျ လျှင်သော်လည်းကောင်း၊ လျှောက် ထားသည့် နေ့ရက်၊
စုဝေးမည့် နေရာများနှင့် လှည့်လည်မည့် နေရာများ သည် လုံခြုံရေး အခြေ
အနေအရခွင့်ပြုနိုင်သည့် အချိန်နှင့်နေရာမဟုတ်ခြင်း၊ ထိုနေ့ရက်များတွင်
အရေးကြီး ကိစ္စရပ်များဆောင်ရွက်နေ ရခြင်း၊ စီတန်းလှည့်လည်မည့်
အကြောင်းအရာသည် တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေး ချမ်း သာယာရေး ကို
အနှောင့် အယှက်ပြုသည့် အနေအထား တို့ကိုတွေ့ရှိရပါက ခွင့်ပြုမိန့်
ပေးနိုင်ခြင်း မရှိကြောင်း သိရ သည်။ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့်
ငြိမ်းချမ်းစွာစီတန်းခွင့် ဥပဒေ သည် ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်ထောင်စု
လွှတ်တော်မှ ဥပ ဒေ အမှတ်(၁၅)အရပြဋ္ဌာန်းခဲ့ ခြင်းဖြစ်သည်။
ရွှေရည်မဉ္ဇူ
Yangon Media Group
နဝမအကြိမ်မြောက်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား အမျိုးသမီး
ကိုယ်စားလှယ်နှစ်ဦး ပထမဆုံးအကြိမ်တက်ရောက်စဉ်။ ဓာတ်ပုံ - မောင်ပိုင်
No comments:
Post a Comment