အသက်(၂၂)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် သည် အေလီရှာကီးစ်၏ သီချင်းတစ်ပုဒ်ကို
စန္ဒရားဖြင့် အကောင်းဆုံး တီးခတ်ရင်း ၎င်း၏ အနုပညာ အရည်အသွေးကို ပြသခဲ့သည်။
ဘာစီလိုနာ တိုက်စစ်မှူး နေမာ အနေဖြင့်
ဘောလုံး စွမ်းရည်သာ မကဘဲ အနုပညာ ပါရမီပိုင်းတွင် လည်း ပြည့်ဝ ထက်သန်သူ
တစ်ဦးဖြစ်ကြောင်း လက်တွေ့ သက်သေပြနိုင်ခဲ့သည်။ အသက်(၂၂)နှစ်ရှိ ဘရာဇီးလ်
လက်ရွေးစင်သည် အေလီရှာကီးစ်၏ သီချင်းတစ်ပုဒ်ကို စန္ဒရားဖြင့် အကောင်းဆုံး
တီးခတ်ရင်း ၎င်း၏ အနုပညာ အရည်အသွေးကို ပြသခဲ့သည်။
အက်သလက်တီကို မက်ဒရစ်နှင့်
ဂိုးမရှိ သရေကျသည့် စနေနေ့ည လာလီဂါ ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက်
ယင်းညတွင်ပင် နေမာ၏ ၎င်း၏ စန္ဒရား စွမ်းရည်ကို YouTubeပေါ်တွင်
ဗီဒီယိုမှတ်တမ်းဖြင့် လွှင့်တင်ပြသခဲ့သည်။ ယင်းဗီဒီယိုတွင် နေမာက
(၂၀၀၄)ခုနှစ်က Hitဖြစ်ခဲ့သည့် If I Ain't Got Youကို
ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နေသည်ကို တွေ့ရသည်။
ဝေဖန်သူ
အချို့က တီးလုံးတွင် Noteအမှားအယွင်း တစ်ခု၊ နှစ်ခုမျှ ရှိနေကြောင်းနှင့်
နေမာ၏လက်ကိုလည်း တိတိကျကျ မမြင်ရကြောင်း ထောက်ပြခဲ့သည့်တိုင် ပရိသတ်
အများစုက ၎င်းကို ချီးကျူးနေကြသည်။ နေမာသည် ယခုနွေရာသီတွင်မှ
နူးကမ့်ကွင်းကြီးသို့ ပေါင်စတာလင် (၄၈.၆)သန်းဖြင့် ပြောင်းရွှေ့လာသူ
ဖြစ်သည်။ ၎င်းသည် ဆန်းတို့စ်တွင် စတင်၍ နာမည်ကျော်ခဲ့ပြီးနောက် ဘာစီလိုနာ
အသင်း၏ ကစားသမား ဘဝကို ပြောင်းလဲခံယူနိုင်ခဲ့သည်။ နေမာသည် ဘာစီလိုနာတွင်
(၂၅)ပွဲ ကစားပြီး (၁၁)ဂိုး သွင်းယူကာ တစ်စထက်တစ်စ အထိုင်ကျ အံဝင်စွာ
ကစားလာနိုင်ခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment