ဆီးရီးယားနိုင်ငံကို ကူညီဖို့အတွက် ဒေါ်လာ ၂ ဘီလီယံ ခွဲ
အကူအညီပေးသွားမယ်လို့ ကူဝိတ်မှာ ကျင်းပမယ့် အလျှူရှင်များ အစည်းအဝေးမှာ
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အခုပေးမယ့် ပမာဏဟာ ဆီးရီးယား လူမှုအကူအတွက် လိုအပ်မှုရဲ့ ထက်ဝက် ပဲ
ရှိပါတယ်။
ဆီးရီးယား ပြည်သူ ၉ သန်းကျော်ဟာ လူမှု အကူအညီတွေ လိုအပ်နေသေးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းကို ထွက်ပြေးခဲ့ရတဲ့
စစ်ရှောင်ဒုက္ခသည် ၂ သန်းဟာလည်း အကူအညီ အင်မတန်မှ လိုအပ်ပြီး ဒေသတွင်းနဲ့ ကမ
္ဘာ့နိုင်ငံတွေက ဒီဒုက္ခသည်တွေရဲ့ ၀န်ကို ကူညီထမ်းရွက်ပေးကြဖို့ကိုလည်း
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
ABC Radio Australia
No comments:
Post a Comment