Pages

3.1.14

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ရန်အတွက် အချိန်ပိုင်း ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်သွားမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့်မလွတ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။


"ဓာတ်အားခွဲရုံများနဲ့ ဓာတ်အားလိုင်းတွေကို ကြံ့ခိုင်စေဖို့ရယ် ဓာတ်လိုက်မှု အန္တရာယ်ကနေ ကင်းဝေးစေဖို့ရယ်နဲ့ ဓာတ်အားပြတ်တောက်မှုကို လျော့နည်းစေဖို့အတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ဆောင်ရွက်နေတာပါ။ ဓာတ်အားဖြတ်တောက်မှုကြောင့် အခက်အခဲများရှိရင်လည်း တောင်းပန်ပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်န၀ါရီ ၅ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ အချိန်ပိုင်းဓာတ်အား ဖြတ်တောက်မည့်နေရာများတွင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် အချိန်ပိုင်းဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အချိန်ပိုင်းဓာတ်အားဖြတ်တောက်မည့်နေရာဖြစ်သည့် ရွှေပေါက်ကံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ဇန်န၀ါရီ ၄ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိတွင် ဓာတ်အားဖြတ်တောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment