ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့
မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က
သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်
စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌
ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့
မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ် တပ်ဖွဲ့
ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ
သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း
အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ
စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏ၀ါဆလာမ်
(၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက်
မီးငြိမ်းသတ်ရန်သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့်ထွက်ပြေးသွား သည်ကို
တွေ့ရှိခဲ့ရ သည်။
မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊
သက်ကယ်၊ ၀ါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ် အကြီး (၄)လုံး၊
အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး
လူသေဆုံးမှု၊ ထိခိုက် ဒဏ် ရာ ရရှိမှု မရှိကြောင်း သိရသည်။
မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ
တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့်
မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်
လျက်ရှိသည်။
မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ
ဘင်္ဂါလီရွာများသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက်ပြေး သွားခဲ့ပြီး
ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ
မဖြစ်စေရန်အတွက် သတင်း အချက် အလက်များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ
တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ်
အစိုးရကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာ
ဧရာဝတီ
No comments:
Post a Comment