ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်ရွာမရပ်ကွက် မြို့ရှောင်လမ်းဘေးရှိ ကွင်းအ မှတ် (၅၂၇-အေ)မြေကွက်ကို
နှစ်ဖက်ပိုင်ဆိုင်မှုအငြင်းပွား နေသည်ဟု သိရသည်။
အဆိုပါကွင်းအမှတ် (၅၂၇ -အေ) ဦးပိုင်အမှတ်(၄၂) မြေ ကွက်ကို
စိမ်းလဲ့ဦးတက်လမ်း ကုမ္ပဏီနှင့် ဒေါ်သီတာလွင်တို့ နှစ်ဦးစလုံးက
မိမိတို့ပိုင်ဆိုင် သည့်မြေကိုကျူးကျော်သည် ဟုဆိုကာ ပိုင်နက်ကျူးလွန်မှု
ဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် အမှုဖွင့်တိုင်ကြားကာ အငြင်း
ပွားနေခြင်းဖြစ်သည်။
ထိုကဲ့သို့ အငြင်းပွားနေ သည်ကို
ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကွင်း ဆင်းတိုင်းတာ၍
ဖြေရှင်းပေးမှ သာပြေလည်နိုင်မည်ဖြစ်သည် ဟု စိမ်းလဲ့ဦးတက်လမ်း စိုက်
ပျိုးရေးကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဝမ့်ကြည်က ပြော သည်။
ဇန်န၀ါရီ
၁၃ရက်က မင်္ဂ လာဒုံမြို့နယ် ထောက်ကြန့် ရွာမ ရပ်ကွက်၌ပြုလုပ်ခဲ့သော သတင်း
စာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
““အခုပြဿနာဖြစ်နေတဲ့ မြေနှစ်ဧကကို ကုမ္ပဏီပိုင်မြေ ဖြစ်တယ်ဆိုတာကို အထောက်
အထားပြနိုင်ပါတယ်။ တစ်ဖက် ကလဲ သူပိုင်တယ်ဆိုပြီး ပြော နေတယ်။ ပြီးတော့
ဒီမြေတွေက စည်ပင်ပိုင်မြေဖြစ်တဲ့အတွက် ကွင်းဆင်းတိုင်းတာပေးဖို့ စာ
တင်ထားတယ်။ အမြန်ဆုံးလဲ စစ်ဆေးပေးစေချင်တယ်”” ဟု စိမ်းလဲ့ဦးတက်လမ်း
စိုက်ပျိုးရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးဝမ့်ကြည်က ပြောသည်။
အဆိုပါပိုင်ဆိုင်မှုအငြင်း ပွားနေသည့် မြေကွက်(၄၂)အ တွင်းမှ မြေ၁၀ဧကခွဲကို
၁၉၉၇ ခုနှစ်က ပိုင်ဆိုင်သူ ဒေါ်အေး အေးတင်ထံမှ စိမ်းလဲ့ဦးတက်
လမ်းစိုက်ပျိုးရေးကုမ္ပဏီမှ ၀ယ် ယူခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။ဒေါ်သီတာလွင်ကလည်း ၁၉၉၇ခုနှစ်ကပင် ဦးပိုင်အမှတ် (၄၂/၄၄)မြေကွက်
အတွင်းမှ မြေ၁၄ဧကကို မူလပိုင်ရှင်ထံမှ ၀ယ်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုအငြင်းပွားနေသည့် မြေနှစ်ဧက၏ ကာလတန်ဖိုးမှာ
ငွေကျပ်သိန်းနှစ်ထောင်ခန့်ရှိ ကြောင်းသိရပြီး အဆိုပါမြေ ကွက်အတွင်းသို့
စိမ်းလဲ့ဦးတက် လမ်းကုမ္ပဏီမှ ၀င်ရောက်ကျူး ကျော်သည်ဟုဆိုကာ မြေပိုင်
ဆိုင်ကြောင်း သက်သေအ ထောက်အထားများဖြင့် နိုင်ငံ တော်သမ္မတရုံး၊
မင်္ဂလာဒုံမြို့ နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊
မြို့နယ်အုပ်ချုပ်ရေး ရုံးအပြင် တခြားသက်ဆိုင်ရာ ဌာနများသို့ ဒေါ်သီတာလွင်က
တိုင်ကြားထားသည်ဟု သိရ သည်။
Yangon Media Group
No comments:
Post a Comment