ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့တွင် ဇန်န၀ါရီ၂၃ရက်က အမှတ်(၃) ရပ်ကွက်
မြို့မဈေးအတွင်း၌ မြို့ နယ်စည်ပင်နှင့် မီးသတ်ဦးစီးဌာန တို့မှ မီးဘေးကြိုတင်ကာကွယ်
ရေး ဇာတ်တိုက်လေ့ကျင့်မှုပြု လုပ်အပြီး ငါးနာရီအကြာတွင်
အဆိုပါအမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့်ရှိ ကုန်စုံဆိုင်မှ
မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည် ဟု သိရသည်။
အဆိုပါမီးလောင်မှုသည်
ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့် ရှိ ဦးထွန်းအောင်ကျော်၏ ကုန်စုံဆိုင်မှ
ဝါယာကြိုးများ အပူ လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ
မီးစတင်လောင်ကျွမ်းခြင်းဖြစ် သည်ဟု သတင်းထုတ်ပြန်ချက် များအရ သိရပြီး
၎င်းင်း၏နေ အိမ် နှင့် ကုန်စုံဆိုင်အပါအ၀င် အိမ် သုံးလုံး မီးလောင်ကျွမ်း
ခဲ့ကာ အိမ်ထောင်စုငါးစု လူဦးရေ ၄၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွား ၍ ငွေကျပ်
၇၇သိန်းကျော်တန်ဖိုး ဆုံးရှုံးခဲ့ ရသည်ဟု သိရသည်။
အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ သည့် အိမ်ထောင်စုဝင်များအား အ မှတ်(၃)ရပ်ကွက်
အုပ်ချုပ်ရေး မှူးရုံးတွင် ယာယီကယ် ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိသည်ဟု
သိရသည်။
မီးလောင်ရာသို့ မအူပင် မြို့ မီးသတ်ဦးစီးဌာနမှ ညနေ ခင်း
လေ့ကျင့်ဇာတ်တိုက်ရာတွင် အသုံးပြုသည့် မီးသတ် ယာဉ် ငါးစီးနှင့်အတူ
မြို့နယ်စည်ပင်၊ ကျိုက်လတ် ၊ ညောင်တုန်းမြို့ တို့မှ မီးသတ်ယာဉ်တစ်စီးစီ
စုစု ပေါင်းမီး သတ်ယာဉ်ရှစ်စီးဖြင့် စတင်လောင်ကျွမ်းသည့်ည ၇ နာရီ ၃၅မိနစ်မှ
ည၉နာရီနီးပါး အထိ မီးငြှိမ်းသတ်ခဲ့ရ သည်ဟု သိရသည်။
မီးစတင်လောင်ကျွမ်း သည့် နေအိမ်ပိုင်ရှင် ဦးထွန်း အောင်ကျော်အား မအူပင်
မြို့မရဲစခန်းက (ပ)၂၄/၂၀၁၄ ပုဒ်မ ၂၈၅ဖြင့် ဇန်န၀ါရီ ၂၃ ရက်တွင်
အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိသည် ဟု သိရသည်။
မအူပင်တွင် မီးလောင်မှုဖြစ်ပွားစဉ် ။ ဓာတ်ပုံ - စိုးမိုး(ပုသိမ်)
Yangon Media Group
No comments:
Post a Comment