အာဂျင်တီးနား အားကစား သတင်းစာ Oleက မက်ဆီ၏ ပြောင်မြောက်သော
စွမ်းဆောင်ရည်ကို ဂုဏ်ပြုသည့် အနေဖြင့် သတင်းစာ အမည်ကို Leoဟု ယာယီ
ပြောင်းလဲခဲ့
ဒဏ်ရာ သက်သာလာပြီးနောက်
အကောင်းဆုံး ခြေစွမ်း ပြန်ပြနေခဲ့သည့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို
ဂုဏ်ပြုသည့် အနေဖြင့် အာဂျင်တီးနား သတင်းစာ တစ်စောင်က သတင်းစာ အမည်ကို
မက်ဆီ၏အမည် ပြောင်းလဲ ဂုဏ်ပြုလိုက်ကြောင်း သိရသည်။ စပိန်ကလပ် ဘာစီလိုနာ
အသင်းတွင် ကစားနေသော အာဂျင်တီးနား လက်ရွေးစင်သည် ပြီးခဲ့သည့် လပိုင်းအတွင်း
သီတင်းပတ်အချို့ အနားယူခဲ့ရသည်။ မက်ဆီအနေဖြင့် ကြံ့ခိုင်မှု ပြန်လည်
ပြည့်ဝလာပြီးနောက် ယခုသီတင်းပတ်အတွင်း ဂီတာဖေးနှင့် ကစားသည့် ကိုပါဒယ်လ်ရေး
ပွဲစဉ်တွင်မူ ဘာစီလိုနာအတွက် မိနစ်ပိုင်း လူစားဝင်ကာ (၂)ဂိုး
သွင်းယူပြခဲ့သည်။ မက်ဆီ ပြန်ကစားနိုင်ခြင်းသည် စပိန်လာလီဂါ အမှတ်ပေးဇယား
ထိပ်ဆုံးနေရာတွင် တည်မြဲရေးအတွက် ဖိအားများနေသည့် ဘာစီလိုနာအတွက်
ခွနအားတစ်ရပ်လည်း ဖြစ်လာသည်။
အာဂျင်တီးနား အားကစား သတင်းစာ Oleက
မက်ဆီ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်ကို ဂုဏ်ပြုသည့် အနေဖြင့် သတင်းစာ
အမည်ကို Leoဟု ယာယီ ပြောင်းလဲခဲ့သည်။ ကြာသပတေးနေ့က ထုတ်ဝေသော သတင်းစာ
အမည်သည် မက်ဆီ၏ လီယွန်နယ်လ်ဆိုသော အမည်စာသားကို အတိုကောက် ခေါ်ဝေါ်သည့်
စကားလုံး ဖြစ်သည်။ လီယိုဆိုသော အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေသည့် နာမည်ကျော်
အားကစား သတင်းစာ၏ ပထမဆုံး မျက်နှာဖုံးတွင် မက်ဆီ၏ ကိုယ်လုံးပေါ်ပုံကို
အပြည့်သုံးထားသည်။ Ole အနေဖြင့် သတင်းစာအမည် ပြောင်းလဲမှုကို မည်သည့်
အတိုင်းအတာထိ ရှည်ကြာအောင် ထားရှိမည် ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။
Planet Myanmar Network
No comments:
Post a Comment