Pages

17.1.14

မတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်မခိုင် ထောင်ဒဏ်ကျခံနေရသည့် တစ်လပြည့်နေ့တွင် ပန်းတနော်၌ ဆန္ဒဖော်ထုတ်မည်

မျှတသည့် တရားစီရင်ရေးရရှိရန်နှင့် သတင်းထောက်များ၏ ဂုဏ်သိက္ခာအတွက် ပန်းတနော်မြို့နယ်ရှိ ပြည်သူ ၅၀၀ ခန့် ပါဝင်မည့်ဆန္ဒထုတ်ဖော်မှုကို Eleven Media Group ၏ နယ်သတင်းထောက် မခိုင် ထောင်ကျသည့် တစ်လပြည့်နေ့ဖြစ်သော ယနေ့ (ဇန်န၀ါရီ ၁၇ ရက်)တွင် ပန်းတနော်မြို့၌ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်သူရက ပြောကြားသည်။


တရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေလည်း ပါမယ်။ သက်ဆိုင်ရာက ခွင့်ပြုတာ အင်အား၂၀၀ ကျော်ဆိုပေမယ့် မူလတင်ပြထားတဲ့ အတိုင်း အင်အား ၅၀၀ အထိ ပါဝင် . . .
ပန်းတနော်မြို့နယ်ရှိ ပြည်သူ ၅၀၀ ခန့်ပါဝင်မည့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် ပန်းတနော်မြို့နယ်ရဲစခန်းသို့ ဇန်န၀ါရီ ၁၀ ရက်က ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းက ဇန်န၀ါရီ ၁၅ ရက်တွင် အင်အား နှစ်ရာကျော်ဖြင့် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ပြုလုပ်ရန် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်ဟု ကိုမြတ်သူရက ပြောကြားသည်။

“အဓိကကတော့ ပြည်သူတွေအားလုံးမျှတတဲ့ တရားစီရင်ရေးရရှိဖို့ပါ။ လွိုင်ကော်သတင်းထောက် မခိုင်ဆိုတာကလည်း ကျွန်တော်တို့ ပန်းတနော်မြို့နယ်သူဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ပန်းတနော်မှာရှိတဲ့ သတင်းထောက်အချို့လည်း လယ်ယာမြေအရေးတွေမှာ သတင်းရယူလို့ဆိုပြီး တရားစွဲဆိုထားတာတွေရှိတယ်။ မြို့ကိုပတ်ပြီးတာနဲ့ မြို့နယ်တရားရုံးရှေ့မှာ စုဝေးပြီး မျှတတဲ့ တရားစီရင်ရေးရရှိဖို့ တောင်းဆိုမှာပါ” ဟု ကိုမြတ်သူရက ပြောကြားသည်။

“မနက်ဖြန် ဆန္ဒပြမယ့်သူတွေက ပန်းတနော်မြို့ပေါ်က ပြည်သူတွေတင်မဟုတ်ဘူး။ ပန်းတနော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေပါလာကြမှာ။ တရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေလည်းပါမယ်။ သက်ဆိုင်ရာကခွင့်ပြုတာ အင်အား ၂၀၀ ကျော်ဆိုပေမယ့် မူလတင်ပြထားတဲ့ အတိုင်းအင်အား ၅၀၀ အထိ ပါဝင်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

သတင်းထောက် မခိုင် အားထောင်ဒဏ်ချထားမှုနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးဖြစ်သည့်အတွက် သတင်းထောက်တို့၏ ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ခြင်းများ ပေါ်လွင်ထင်ရှားနေပါသော်လည်း မူလ မြို့နယ်တရားရုံးတော်က သက်သေထွက်ဆို ချက်များနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းသည် ဥပဒေအရလည်းကောင်း၊ အကြောင်းအခြင်းအရာအရလည်းကောင်း မှားယွင်းလျက်ရှိနေသည့်အတွက် အမှုဖြစ်စဉ်အကျဉ်းနှင့် အတူ အယူခံအကြောင်းပြချက် ခြောက်ချက်ဖြင့် ဇန်န၀ါရီ ၂ရက်က လွိုင်ကော်ခရိုင်တရားသူကြီးရုံးသို့ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် (၃/၂၀၁၄)ဖြင့် အယူခံတင်သွင်းခဲ့ပြီး သတင်းထောက် မခိုင် အားတရားစွဲဆိုခဲ့သည့် ရှေ့နေ ဒေါ်အေးအေးဖြိုးအား လွိုင်ကော်ခရိုင်တရားရုံးက ဇန်န၀ါရီ ၁၀ ရက်တွင် ရုံးရှေ့သို့ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

မခိုင်၏အမှုနှင့် ပတ်သက်၍တရားလိုဖြစ်သူ ရှေ့နေဒေါ်အေးအေးဖြိုးက ပြစ်ဒဏ်တိုးမြှင့်ပေးရန် ကယားပြည်နယ်လွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းထားကြောင်း သိရပြီး ပြင်ဆင်မှုလက်ခံရန် သင့် မသင့်ကိုမူ ဇန်န ၀ါရီ ၂၁ ရက်တွင် ကြားနာမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မခိုင်၏ အမှုအားလိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးဇော်မြင့်ထွန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment