အောင်လံမြို့မဈေးကြီးအနီး လမ်းမတော်လမ်းမကြီးမှာ
စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏ
ဖြစ်ပွါးေ နကြောင်း အောင်လံမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိန်ဝင်းက ပြောသည်။
“ကားတွေက လမ်းပေါ်ရပ် ကုန်တင်ချလုပ်တယ်၊ မြင်းလှည်း၊ ဆိုက်ကား တွေက
ဖယ်မပေးဘူး၊ တောကားတွေ ကလည်း စည်းကမ်းမဲ့ရပ်တယ်၊ ဈေးသွားဈေးလာတွေက
များတော့ လမ်းကပိတ်ကုန်ရော”ဟု ၎င်းက ပြောသည်။
ဈေးစည်ကားချိန်
နံနက်ပိုင်းတွင် ကုန်တင်ချကားကြီးများ တင်ချလုပ်ဆောင်နေမှုများကလည်း
ကားလမ်းများ ပိတ်ရခြင်း၏ ညအချက်တစ်ချက်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါလမ်းမတော်လမ်းကြီးအား ဈေးအနီး (၆)လမ်းမှစတင်ကာ
ရွှေပြောင်ပြောင်ဘုရားလမ်းအထိ တောင်မှ မြောက်သို့ တစ်လမ်းမောင်း စနစ်သာ
သတ်မှတ် ပေးထားသော်လည်း အများစုမှာ လိုက်နာမှု မရှိကြောင်းလည်း
ဈေးဆိုင်ရှင်တစ်ဦးက ဆိုသည်။
“တစ်လမ်းမောင်း သတ်မှတ်ထားတာပဲ၊
အဲတိုင်းမောင်းပေါ့၊ မလိုက်နာကြပါဘူး၊ ရဲမရှိရင် ထင်သလို မောင်းကြတာပဲ၊
ကားရော၊ ဆိုင်ကယ်ဆိုက်ကား အကုန်” ဟု၎င်းက ပြောသည်။
ထို့အပြင်
သုံးဘီးဆိုင်ကယ်များကလည်း ခရီးသည်တင်ရာ အနီးတွင် စည်းကမ်းမဲ့ရပ်ကြခြင်း၊
လမ်းဘေးဈေးဆိုင်များ ကလည်း ပလက်ဖောင်းများပေါ်ထိ ကုန်များခင်းကျင်း
ရောင်းကြခြင်းကလည်း လမ်းသွားလမ်းလာများအဖို့ များစွာ အနှောက်အယှက်
ဖြစ်ရကြောင်းလည်း ဦးစိန်ဝင်းက ပြောသည်။
လင်းသက်
မြန်မာ့ခေတ်
No comments:
Post a Comment