Pages

25.1.14

မလေးရှားတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆေးများ ဖမ်းဆီးခံရ

မြန်မာအလုပ်သမား များစွာရှိသော မလေးရှားနိုင်ငံတွင် ကာမ အားတိုးဆေး အပါအဝင် မလေးရှားနိုင်ငံတွင် မှတ်ပုံတင် ထားခြင်း မရှိသော မြန်မာဆေးများ ရောင်းချသည့် ဆေးဆိုင်များကို မလေးရှား ကျန်းမာရေးဌာနက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မလေးရှား နိုင်ငံထုတ် The Star Online သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ၄ ကီလိုမီတာ (၂ ဒသမ ၅) မိုင် အကွာတွင် ရှိသော Bangsar ဆင်ခြေဖုံးနှင့် Persiaran Syed Putra တို့တွင်ရှိသော ဆေးပစ္စည်းများ သိုလှောင်ထားသည့် ဘန်ဂလို အိမ်နှစ်လုံးနှင့် ဆေးဆိုင် သုံးဆိုင်ကို မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူမြို့တော် ကျန်းမာရေး ဝန်ကြီးဌာန၏ လက်ထောက် Syed Fadzli Syed Syial- uddin

က ပြောကြားသည်။

ထို့ပြင် ကွာလာလမ်ပူမြို့ရှိ Lebuh Pudu ရှိ ဆေးဆိုင်တစ်ဆိုင် တွင် ရောင်းချနေသော မြန်မာနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ယခုဖမ်းဆီးရမိသော ဆေးများမှာ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင် ထားခြင်းမရှိဘဲ အချို့သော ဆေးများမှာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်နှင့် လျော်ကန်သော သုံးစွဲမှု မရှိပါက အဆိပ်အတောက် ဖြစ်သည်ဟု သတ်မှတ်ထားသော (Scheduled Poisons) ဆေးဝါးများ ပါဝင်ပြီး မလေးရှား အစားအစာ ဥပဒေနှင့် မညီညွတ်သော ဆေးဝါးများ ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဆေးဝါး အများစုမှာ မြန်မာနှင့် အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများ ဖြစ်ပြီး အကိုက်အခဲ ပျောက်ဆေး၊ ပဋိဇီဝဆေး စသည်တို့ ဖြစ်ကြပြီး တန်ဖိုးအားဖြင့် ခန့်မှန်းခြေ မလေးရှား ရင်းဂစ် ၂ ဒသမ ၁ သန်းခန့် (မြန်မာငွေသန်း ၆၂၀ ကျော်) ရှိပြီး ဆေးဝါးများ၏ အသားတင် အလေးချိန်မှာ ၁၀ တန် ခန့်ရှိသည်။

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ LebuhPudu တွင် ဖွင့်လှစ်ထားသည်မှာ ၁၀ နှစ် ရှိပြီ ဖြစ်သော မြန်မာဆေးများ ရောင်းချသည့် ဆိုင်သည် တစ်ရက်လျှင် အနည်းဆုံး မလေးရှား ရင်းဂစ်ငွေ ၅၀၀၀ (မြန်မာကျပ်ငွေ တစ်သန်းခွဲနီးပါး) ဖိုးခန့် ရောင်းချရကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment