ရန်ကုန် တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစား အစာ များအား သုတေသနပြု လုပ်ခဲ့ရာ အစာအဆိပ်သင့်စေ သော အဆိပ်ထွက်ပိုးများကို တွေ့ရှိခဲ့ ရကြောင်း ဆေးသုတေ သနဦးစီးဌာန (အောက်မြန်မာ ပြည်)၏ သုတေသနပြုချက်များ အရသိရသည်။
ယင်းသို့သုတေသနပြု လုပ်ခဲ့ရာတွင် မြို့နယ်တစ်ခုမှ အစားအစာနမူနာ၃၀၊
စုစုပေါင်း ၁၅ဝအား စမ်းသပ်ခဲ့ခြင်းဖြစ် ကာ ယင်းလမ်းဘေးဆိုင်များ တွင်
ရောင်းချနေသော အစား အစာများတွင် အစာအဆိပ်သင့် စေသော အဆိပ်ထွက်ပိုးများ
ဖြစ်သည့် စတက်ဖိုင်လိုကော ကပ်၊ အောရိယပ်နှင့် ဘက်ဆီး
လပ်ဆီးရီးယပ်ပိုးများပါ ရှိနေ တတ်ကြောင်းအား ဖော်ထုတ်
လိုသည့်ရည်ရွယ်ချက်ဖြင့် သု တေသနပြုခဲ့ ခြင်းဖြစ်ကြောင်း ဇန်နဝါရီ၆ရက်က
အဆိုပါဌာန တွင်ကျင်းပခဲ့သည့် (၄၂)ကြိမ် မြောက် ဆေးသုတေသနညီလာ ခံတွင်
ဆေးသုတေသနဦးစီး ဌာန(အောက်မြန်မာပြည်)၊ အ မျိုးသားအဆိပ်ထိန်းချုပ်မှုဌာန၊
ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှတင် သွင်းသည့် စာတမ်း တစ်ခုတွင် ဖော်ပြထားသည်။
အဆိုပါအစားအစာနမူ နာ ၁၅ဝတွင် ပူတင်း၊ ဆင်းဒ ဝစ်၊ ကြက်အူချောင်း၊
ပေါင်မုန့် ထောပတ်သုတ်၊ ထမင်းကြော်၊ ရေခဲမုန့် အစရှိသည်တို့ပါဝင် ကာ
ယင်းတွေ့ရှိချက်အရ အ စာအဆိပ်သင့်စေသည့် အဆိပ် ထွက်ပိုးများအား
တွေ့ရှိရခြင်း သည် အစာတစ်ခုကို စတင်သည့် လယ်ယာ၊ မွေးမြူရေးခြံမှသည်
စားသုံးသည့်နေရာအထိ ကြား ကာလတစ်လျှောက်တွင် သန့် ရှင်းရေးညံ့ဖျင်းခြင်း
အပါအ ဝင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာ များ ခေါင်းပါးမှု
ကြောင့်ဖြစ် ကြောင်း ပါဝင်ပြီး သုတေသန ပြုလုပ်ခဲ့သည့် မြို့နယ်ငါးခုကို မူ
ဖော်ပြခဲ့ခြင်းမရှိပေ။
''ဗက်တီးရီးယားပိုးတွေ ကြောင့်ဖြစ်တဲ့
အစာအဆိပ်သင့် ခြင်းက ကာကွယ်လို့ရပါတယ်။ အစားအစာပြင်ဆင်ကိုင်တွယ် သူ၊
ရောင်းချသူနဲ့ စားသုံးသူ တွေကို ကျန်းမာရေးပညာပေး ဖို့ လိုအပ်နေပါတယ်''ဟု
ဆေး သုတေသနဦးစီးဌာန (အောက် မြန်မာပြည်)၊ အမျိုးသားအဆိပ် ထိန်းချုပ်မှုဌာန
ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ တာဝန်ရှိ သူက ပြောသည်။ ယင်းသို့ဆောင်ရွက်ရာ
တွင် အရေးပေါ်ကုသမှုလုပ်ငန်း များတွင် အစာအဆိပ်သင့်ခြင်း သည်
တစ်ခုအပါအဝင်ဖြစ်နေ ကြောင်း လည်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အ
ထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ''အစာအဆိပ်သင့်ပြီဆိုတာနဲ့
မူးတာတို့၊ အန်တာတို့၊ တချို့ ဆို ဝမ်းလျှောတာတို့ဖြစ်တတ် သလို
မူးပြီးအန်တဲ့သူတွေကျ တော့ သူတို့မှာ ရေဓာတ်၊ ဆား ဓာတ်ဆုံး
ရှုံးမှုဖြစ်ပြီး အသစ်ပြန် လည်မရနိုင်တော့ဘူးဆိုရင် အသက်အန္တရာယ်အထိတောင်
ဖြစ်လာနိုင်တယ်''ဟု ပြောသည်။
ယင်းကဲ့သို့ အစားအစာတိုင်း လိုလို
ဓာတုပစ္စည်းပါဝင်မှုနှင့် မကင်းလွတ်နိုင်သည်က မရှိ သလောက်ရှားလာကာ သန့်
ရှင်းမှုပိုင်းမှာလည်း အားနည်း လာခြင်း၊ ကူးစက်ရောဂါများ လည်း
အဖြစ်များလာခြင်းတို့ ဖြစ်လျက်ရှိရာ အစားအစာစား မည်ဆို ပါက အေးနေသော ထမင်း၊
ဟင်းများ စသောအ စားစာများကို စားသောက်ခြင်း မှ ရှောင်ကြည့်ရမည်ဖြစ်ကာ
စားမည်ဆိုပါက ပူအောင်နွှေး ခြင်းများပြုလုပ်ပြီးမှသာ စား သင့်သည်ဟု ယင်းကဆက်
လက်ပြောသည်။
''ဒီဥစ္စာက သုတေသန ပြောပြချက်မှမဟုတ်ဘူး။ မြန်မာ
နိုင်ငံမှာ အစာအဆိပ်သင့်တာ က အများကြီးပဲ။ အဓိကရောင်း သူတွေ Control
လုပ်နိုင်ရမယ်။ စေတနာပါပါနဲ့ စားသုံးသူအ ပေါ်လုပ်ပေးရမယ်။ စားသုံးသူ ကလဲ
မိမိကိုယ်ကိုယ် Control လုပ်နိုင်ရမယ်။ ဥပမာ ကြက်အူ ချောင်းတို့ ဘာတို့
ထုတ်လုပ်ပိုင်း ကနေပြီး တစ်ဆင့်ပြီးတစ်ဆင့် သတိနဲ့ ကျန်းမာရေးပိုင်းကိုပါ
ထိခိုက်မှုမရှိအောင် ထုတ်လုပ် ပေးရမှာဖြစ်တယ်''ဟု ဆီးချို နှင့်
အထွေထွေရောဂါကုသမား တော် အဆိပ်သင့် ကုသမှုဌာန ဒေါက်တာရဲမြင့်က ပြောသည်။
ဇင်မျိုးထက်
Yangon Media Group
No comments:
Post a Comment