မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်
အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်
တင်မြှောက်ပွဲကို ပထမဦးဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ဇန်န၀ါရီ ၁၁ရက်၊ မွန်း လွဲ ၁၂
နာရီခွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)၌ ကျင်းပခဲ့သည်။
ယခင် မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၃၇ ဦး
ဖြင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် ယခုရွေးချယ်တင်မြှောက်ပွဲတွင်
အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ် ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ထားပြီး
မဲအရေအတွက်ရရှိမှုပေါ်မူတည်၍ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်
သတ်မှတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အရွေးချယ်ခံဆန္ဒပြု
ပုဂ္ဂိုလ်များအနက် ယခင်အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ၁၆ ဦး ပြန်လည်
ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှအသစ်ဝင်ရောက်ယှဉ်ပြိုင်သည့်
အဖွဲ့ဝင်သစ်ဦးရေ ၃၉ ဦး စုစုပေါင်း ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း
ဖြစ်သည်။
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့
သတ်မှတ်ခဲ့တာက လူဦးရေ ၆၀ ဆိုပေမယ့် အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်စုစုပေါင်းက
၅၅ ဦးပဲရှိခဲ့တယ်။ အဲဒီအထဲကမှ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ရခဲ့တဲ့သူ
ရှစ်ဦးကို အဖွဲ့ဝင်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ မဲလာပေးတဲ့သူဦးရေ က
၃၁၁ ဦးရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း
ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး
သန်းဇင်(ငြိမ်း)က ပြောကြားသည်။
ပြန်လည်ရွေးချယ်ခံသည့်
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းများတွင် ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှ၊
ပါမောက္ခ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာခိုင်စိုးဝင်း၊ တွဲဖက်ပါမောက္ခ
ဒေါက်တာအောင်မျိုးဝင်း၊ ဒေါက်တာခင်မောင်ချစ်၊ ဒေါက်တာခင်မာအေး၊ ပါမောက္ခ
ဒေါက်တာအေးအေးကြီး၊ဒေါက်တာ အေးအောင်၊ ဒေါက်တာယုယုလွင်၊
ဒေါက်တာတင်တင်လှ၊ဒေါက်တာစိုးဝင်း၊ဒေါက်တာခင်မောင်ဝင်း၊ ဒေါက်တာမြသီတာ၊
ဒေါက်တာဝင်းဇော်၊ ဒေါက်တာမြင့်ဇော်နှင့် ဗိုလ်မှူးကြီး(ငြိမ်း)
ဒေါက်တာမျိုးညွန့်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်
အသစ်ဝင်ရောက်လာသည့် အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်များမှာ ဒေါက်တာဘရွှေ၊
ဒေါက်တာကျော်လင်း၊ ဒေါက်တာမျိုးသက်ထွန်း၊ ဒေါက်တာရင်ရင်စိန်၊
ဒေါက်တာစိုးမြင့်၊ ဒေါက်တာလွင်မေဦး၊ဒေါက်တာတင်ဇော်မောင်၊ ဒေါက်
တာဝင်းလွင်သိန်း၊ ဒေါက်တာတင်ညွှန့်၊ ဒေါက်တာရဲမြ၊ ဒေါက်တာသန်းထွဋ်၊
ဒေါက်တာကျော်ဇင်ဝေ၊ ဒေါက်တာသန်းထိုက်၊ ဒေါက်တာခင်မျိုးလှ၊
ဒေါက်တာကျော်ဝင်း၊ဒေါက်တာမီမီကို၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာဝင်းမင်း၊
ဒေါက်တာမိုးမိုးတင်၊ ဒေါက်တာအေင်ထွဋ်၊ ဒေါက်တာသန်းထွန်းအောင်၊
ဒေါက်တာဇော်တင်၊ ဒေါက်တာသက်နိုင်မောင်၊ ဒေါက်တာအောင်စိုး၊ ဒေါက်တာဝဏ္ဏထွန်း၊
ဒေါက်တာစောဝင်း၊ ဒေါက်တာဝေလိုဘီထွန်းလင်း၊ ဒေါက်တာတင့်တင့်ကြည်၊
ဒေါက်တာဝေမြင့်၊ ဒေါက်တာဗွီဂျေကူးမား၊ ဒေါက်တာတင်အေး၊ ဒေါက်တာရာဇာမင်းထူး၊
ဒေါက်တာစိုးအောင်၊ ဒေါက်တာခင်ဆွေဝင်း၊ ဒေါက်တာစိုးမြတ်ထွန်း၊
ဒေါက်တာကျော်စံဝင်း၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမောင်မောင်သန်းနှင့်
ဒေါက်တာမာလာဝင်းတို့ ပါဝင်လာခဲ့သည်။
အရွေးချယ်ခံဆန္ဒပြု
ပုဂ္ဂိုလ်ရှစ်ဦးမှာ ဒေါက်တာမြသီတာ၊ ပါမောက္ခဒေါက်တာ အက်စ်ကျော်လှ၊
ဒေါက်တာဝင်းမြတ်အေး၊ ပါမောက္ခဒေါက်တာစောဝင်း၊ ဒေါက်တာအေးအောင်၊
ပါမောက္ခဒေါက်တာကျော်ဇင်ဝေ၊ ဒေါက်တာရဲမရ၊ ဒေါက်တာမြင့်သောင်း တို့ဖြစ်ကြပြီး
၎င်းတို့မှာ မဲအရေအတွက် ၁၅၆ မဲအထက်ရရှိကြသူများဖြစ်ကြောင်း သိရသည်။
ထိုအရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်ရှစ်ဦးကို လျှို့ဝှက်မဲစနစ်အရ
ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏
တာဝန်ခွဲဝေမှုများကို ဇန်န၀ါရီ၁၂ ရက်(ယနေ့)တွင်
ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment