မြန်မာနိုင်ငံအတွင်းရှိ မွေးမြူရေးခြံနှင့် အစာစက်ရုံများအား
အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင်
ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့်
ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများလည်း ပါဝင်ကာ တင်ဒါလျှောက်ထား မှုများရှိကာအကျိုးတူပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်ကြောင်း မွေးမြူရေး၊
ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။
မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ မွေးမြူရေးခြံနှင့် စက်ရုံ ၄၃
ခုအား ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ
ပူးပေါင်းလုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ထားပြီး လက်ရှိအချိန်အထိ ပြည်တွင်း၊
ပြည်ပကုမ္ပဏီ ၂၀ ကျော်မှ လာရောက်တင်ဒ်ါလျှောက်ထားကြောင်း သိရသည်။
“တင်ဒါလာလျှောက်တဲ့ ကုမ္ပဏီအဖွဲ့အစည်း ၂၀ ကျော်ရှိပါတယ်။ ပြည်ပကုမ္ပဏီတွေလည်း
ပါတယ်။ ကိုရီးယား၊ ထိုင်း၊ တရုတ်နိုင်ငံတို့ပါတယ်။ မလေးရှားနဲ့
ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီတွေလည်းပါတယ်။ ပြည်တွင်းကုမ္ပဏီတွေလည်း ပါတယ်။ အဲဒီ
ပြည်ပကုမ္ပဏီတွေက ကျွန်တော်တို့ဆီမှာ မွေးမြူရေးခြံတွေရော၊
အစာစပ်စက်ရုံတွေမှာပါ ရင်းနှီးမြှုပ်နှံချင်လို့
တင်ဒါလာလျှောက်ကြတာဖြစ်တယ်” ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မွေးမြူရေးခြံနှင့် စက်ရုံ ၄၃
ခုအား တင်ဒါခေါ်ထားရာတွင် ဇန်န၀ါရီ ၂၇ ရက်၌ လုပ်ငန်း ၁၀ ခုအား ပထမဆုံးအကြိမ်
တင်ဒါဖွင့်ရာတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက
ထပ်မံပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မွေးမြူရေးခြံနှင့်
စက်ရုံလုပ်ငန်းများ ပြန်လည်တိုးတက်ရန်အတွက် ယင်းတို့အား ပြည်တွင်း၊ ပြည်ပ
ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည့်အပြင်
တစ်နိုင်ငံလုံး၌ မွေးမြူရေးဇုန် ၂၇ ဇုန်ရှိပြီး နောက်ထပ်မွေးမြူရေးဇုန်
ထပ်မံဖော်ထုတ်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment