လွန်ခဲ့သည့် ၁၂ ရက်ခန့်က စတင် ခဲ့သော လှိုင်သာယာ-တွံတေး ကားလမ်း
တစ်လျှောက်ရှိ ကျူးကျော်တဲများအား အာဏာပိုင်များက ယခုလ ၁၄
ရက်နေ့ တွင်
စတင်ရှင်း လင်းခဲ့သည်။
အာဏာပိုင်များသည် ယခုလ ၁၄ ရက်နေ့ နံနက် ၃ နာရီခန့်ကစတင်၍ လှိုင်သာယာ-တွံတေး
ကားလမ်းတစ်လျှောက် ရှိ ကျူးကျော်အိမ်များ၏ တစ်ဝက်ခန့် အား ဖျက်သိမ်း
ခဲ့ခြင်းဖြစ်သည်။
ဖျက်သိမ်းခံရသော ကျူးကျော် နေထိုင်သူတစ်ဦးက ”ညက
၃ နာရီထိုးဖို့ ၁၅ မိနစ်အလိုလောက်မှာ ဖျက်ပေးဖို့ လိုက်အော်တယ်။ ၁၅
မိနစ်လောက်လဲ ကြာရော လိုက် ဖျက်ရော”ဟုပြောသည်။
အဆိုပါ
ဖျက်သိမ်းမှုကို စည်ပင် ဝတ်စုံဝတ်ဆင်ထားသော စည်ပင်ဝန် ထမ်းများသာ
ပြုလုပ်ပြီး ရဲတပ်သားများ မပါဝင်ဘဲ ရပ်ကြည့်နေသည်ဟု ၄င်းက ထပ်ပြောသည်။
”ကြိုတင်စာတွေ ဘာတွေမလာ ဘူး။ အခုဖြစ်တာက အခုပြော၊ မိနစ် ပိုင်းအတွင်း
ဖျက်တာ။ ကြိုတင်စာပေးလို့ ကိုယ်တို့က ဖယ်မပေးရင် အစ်ကိုတို့ အ မှားပေါ့”ဟု
၎င်းက ဆက်ပြောသည်။
ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ ညနေ ၎
နာရီအချိန်ခန့်အထိ ဖျက်သိမ်း ဆဲဖြစ်ပြီး ကျူးကျော်တဲတွင် ပါဝင်သော
ပစ္စည်းအချို့ကို ကားပေါ်သို့တင်သွား သည့်အပြင် လက်ကိုင်အသံချဲ့စက်ဖြင့်
ယနေ့ညနေ ၃ နာရီ အတွင်း အပြီး ဖယ် ရှားပေးရန်တိုက်တွန်းမှုများ ပြုလုပ်နေ
သည်။ လိုက်နာမှု မပြုလုပ်ပါက ဥပဒေ အရ အရေးယူခံရမည်ကို လည်း ထည့်
သွင်းပြောဆိုနေသည်ဟု မျက်မြင်သက် သေများက ဆိုသည်။
ယခုကဲ့သို့
ကျူးကျော်တဲများအား ဖျက်သိမ်းသည့်နေရာသို့ ရောက်ရှိနေ သော
စည်ပင်အရာရှိအချို့နှင့် ရဲအရာ ရှိအချို့တို့ထံ သွားရောက်မေးမြန်း ခဲ့
သော်လည်း တစ်စုံ တစ်ရာ ပြန်လည် ဖြေကြားမှု မရှိခဲ့ပေ။
ရဲတပ်ရင်းမှ
ရဲမှူးကြီးအဆင့်ရှိသူ တစ်ဦးက ကျူးကျော်တဲများ ဖျက်သိမ်း သည့်ကိစ္စရပ်အပေါ်
မိမိတို့ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူပေးခြင်းသာဖြစ်ပြီး ဖျက် သိမ်းမှု
ပြုလုပ်သူ များထဲတွင် မပါဝင်ဟု ပြောသည်။
ကျူးကျော်တဲတွင်
ဝင်ရောက်ရှင်း လင်းမှု ပြုနေသော ရဲအရာရှိကမူ ”အကိုတို့ရဲတပ်ရင်း ၅ က အင်အား
၁၅ဝ ပါတယ်။ တပ်ရင်း ၆ ကတော့ ဘယ်လောက်ပါလဲမသိဘူး” ဟု ပြော သည်။
အဆိုပါ ကျူးကျော်တဲများအား ဥပဒေအရ ဖယ်ရှားပေးရန် ဇန်နဝါရီလ ၃ ရက်နေ့က
လှိုင်သာယာ-တွံတေး ကားလမ်းမပေါ်ရှိ ကျေးရွာငါးရွာမှ တရားဝင်
ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခဲ့သေး သည်။
ဇေဝေယံ
Popular Myanmar News Journal
No comments:
Post a Comment