မြန်မာနိုင်ငံသားအဖြစ်မှ ဆုံးရှုံးခဲ့ပြီး ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသူ
၄၃ ဦး အား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရန် အစိုးရမှ
စဉ်းစားနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇန်န၀ါရီ ၁၅ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။
“နိုင်ငံသားဟောင်းတစ်ဦးက မြန်မာနိုင်ငံသားပြန်လည်ခံယူချင်တယ်ဆိုရင်
လျှောက်လို့ရတယ်။ တကယ်တော့ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ပုဒ်မ ၁၃မှာ
လူတစ်ယောက် dual citizen ခံလို့မရဘူး။ အကြောင်း အမျိုးမျိုးကြောင့်
နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးသွားပြီဆိုရင်
ဟိုနိုင်ငံသားခံလိုက်တော့။ ဒါမှမဟုတ် ဟို passport ကိုင်လိုက်တော့။
ဆုံးရှုံးသွားပြီဆိုရင်
ဘယ်တော့မှ နိုင်ငံသား ပြန်မဖြစ်တော့ဘူး။
အခုဥပဒေအရ။ တော်တော်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားတယ်။အဲဒါ နိုင်ငံသားပြန်ဖြစ်ခွင့်ရှိတဲ့ဟာက
၈၂ ခုနှစ် ဥပဒေမှာပဲ ပုဒ်မ ၈ မှာ နိုင်ငံတော်အစိုးရကပဲ
နိုင်ငံတော်အကျိုးငှာဆိုတဲ့ အတွက်ကြောင့် စဉ်းစားပေးချင်ရင်
စဉ်းစားပေးလို့ရတယ်။ နိုင်ငံတော်အကျိုးငှာ စဉ်းစားပေးမယ်ဆိုရင်
သူပြန်လျှောက်။ ဟိုဘက်နိုင်ငံသားကို စွန့်လွှတ်။ နိုင်ငံတော်အကျိုးငှာ
စဉ်းစားချင်ရင်စဉ်းစား။ ပြီးတော့မှ နိုင်ငံသားပြန်ဖြစ်။
အဲလိုမျိုးသွားတယ်။ မြန်မာနိုင်ငံသားဟောင်း ၄၃ ဦးကို နိုင်ငံတော်အကျိုးငှာ
လက်ခံဖို့ရှိတယ်။ ဒီနိုင်ငံသားအဖြစ် ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့
နိုင်ငံသားဟောင်းတွေ၊ ကျွန်တော့်မှာ နာမည်စာရင်းတော့ရှိပါတယ်။
မထုတ်ပြန်ရသေးလို့ပါ။ နိုင်ငံတွေကတော့အစုံပဲ။ အမေရိကတို့ဝေးတဲ့
နိုင်ငံမျိုးတွေ။ ထွက်သွားကြတဲ့သူတွေ။ နိုင်ငံတော်အကြီးအကဲက
ပြန်လည်ဖိတ်ခေါ်တဲ့အတွက် လျှောက်ကြတယ်။ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လ၀ကရယ်
သုံးယောက်ပေါင်းပြီး ၄၃ ဦးပဏာမလက်ခံဖို့ စီစဉ်ထားပြီးပြီ”ဟု
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် ယာယီနိုင်ငံသားလက်မှတ် (၀ှိုက်ကတ်)များကို ဥပဒေအရ ပေးထားခြင်း
ဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုလည်း
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
အနေဖြင့် ပြင်ဆင်ရန်မရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်လိုက်ပါက
ပြင်ဆင်သည့်အတိုင်း ၀န်ကြီးဌာနအနေဖြင့် လိုက်နာကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
Eleven Media Group
No comments:
Post a Comment