ရန်ကုန်တိုင်း ဒေသကြီး အတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္က လာပမြို့နယ်၊
ဆိပ်ကမ်းမြို့ နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊
တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင်
ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ
တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင်
ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လမ်းနံဘေး ပလက်ဖောင်းပေါ်ရှိ တယ်လီဖုန်းတိုင်နှင့် ကိုလှမင်းထွန်း၊
ကိုကျော်ကျော်နိုင်တို့အား ဆက်လက်တိုက်မိပြီး သစ်ပင်အား ၀င်တိုက်ပြီးနောက်
ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ပုဇွန်တောင်မြို့နယ်နေ ကို.....မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းနေ့ည ၇ နာရီခန့်တွင် ထပရ ၃၂၃၊
မင်္ဂလာဒုံမြို့နယ် တပ်သားကျော်စွာဦး မောင်းနှင်လာသော တပ်မတော်ပိုင်
တီအီးယာဉ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး
မျက်နှာချင်းဆိုင်မှ မောင်းလာသော ကို.....၏ ဆိုင်ကယ်အား
တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းသူ ကို.....မှာ နဖူးဝဲဘက်အခြမ်း
ကွဲအက်ပေါက်ပြဲကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး
ဆိုက်ကယ်နောက်က စီးလာသူဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ ကျူးလွန်သူ
ယာဉ်မောင်းအား ဖမ်းဆီးပြီး ၎င်း၏တပ်သို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။
ယင်းအတူပင် မြောက်ဥက္ကလာပမြို့နယ် သံသုမာ လမ်းပေါ်တွင်
မြောက်ဥက္ကပမြို့နယ်နေသူ ကိုဖြိုး (ခ)အောင်သန်းစိုး(၄၁)နှစ်
မောင်းနှင်လာသည့် ဖူဆိုဘတ်စ်(၁၅၇)လိုင်း ခရီးသည်တင်ယာဉ်မှာ မဟာနွယ်
စားသောက်ဆိုင်ရှေ့တွင် ရှေ့မှဟီးနိုး အငှားယာဉ်အား ၀င်တိုက်မိခဲ့ပြီး
ယာဉ်နောက်လိုက် ကို.....မှာ ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ပို့စဉ်
သေဆုံးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် နံနက် ၁ နာရီခွဲခန့်က
ကမ္ဘာအေး ဘုရားလမ်းမပေါ် ပုလဲကွန်ဒိုရှေ့၌ ယာဉ်သုံးစီး
မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း
သိရသည်။
ဆိပ်ကမ်းမြို့နယ် ကွန်ကရစ်လမ်းပေါ်တွင်လည်း နစ်ဆန်း ၁၀
ဘီး အငှားယာဉ်မှ လမ်းဖြတ်ကူးသူ မ......(၁၂)နှစ်အား ပွတ်တိုက်မိခဲ့ပြီး
ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဒေါပုံမြို့နယ် မဟာဗန္ဓုလ တံတားပေါ်၌ ညပိုင်းတွင်
ယာဉ်မောင်းဌေးအောင် မောင်းနှင်လာသော ၅ခ/....(၂၁၀)ယာဉ်လိုင်း၊ ခရီးသည်တင်
ယာဉ်သည် ဘရိတ်ပေါက်ကာ ယာဉ်ငါးစီးအား ဆင့်ကဲဝင်တိုက် မိခဲ့သည့်ဖြစ်စဉ်၊
တွံတေးမြို့နယ်တွင်လည်း ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦး
သေဆုံးမှုဖြစ်စဉ်၊ ဒဂုံမြို့နယ်ရှိ ယောမင်းကြီးလမ်းတွင် တိုယိုတာ
ဒိုင်နာထရပ်ယာဉ်မှ အရှိန်ဖြင့် ရွှေတိဂုံဘုရားလမ်း ဘက်သို့ကွေ့စဉ်
ယာဉ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာ ရရှိခဲ့သည့်
ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ယာဉ်မောင်းများအား သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment