၂ဝ၁၂ ခုနှစ်အတွက် ပေးအပ်သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်
ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် ''ဥ'' ရုပ်ရှင်ဇာတ်ကားဖြင့်
အကောင်းဆုံး
အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့သည့် အကယ်ဒမီ ချောရတနာသည် သူမ၏
သားဦး ရတနာကို ဧပြီလ ပထမပတ် အတွင်း ရန်ကုန်မြို့ရှိ ဝိတိုရိယ
ဆေးရုံကြီးတွင် မွေးဖွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
''ချော
အိမ်ထောင် ကျပြီးကတည်းက အနုပညာ အလုပ်လုပ်ကိုင်မှု နည်းသွားပါတယ်။ အခု
ချောရဲ့ သားဦးလေးကို ဧပြီလမှာ ဝိတိုရိယ ဆေးရုံ မှာ မွေးဖွားပြီး
ကလေးခြောက်လ ရပြီး နောက်ပိုင်းမှာ ချောအနုပညာ အလုပ်တွေကို ပြန်လည်
လုပ်ဆောင်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ချော အကယ်ဒမီ ကို ချောတစ်ယောက်တည်း
မဟုတ်ဘဲ ကိုယ်ဝန်နဲ့ နှစ်ယောက် တက်ယူခဲ့ရတာက ချောဘဝအတွက် မမေ့နိုင်တဲ့
အမှတ်တရ တစ်ခု ဖြစ်ခဲ့ပါတယ်။ ချော ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အနုပညာ
အလုပ်တွေကို ပြန်လှုပ်ရှားသွားမှာပါ'' ဟု အကယ်ဒမီ ချောရတနာ က
ပြောကြားခဲ့သည်။
ချောရတနာသည် 'ဥ' ရုပ်ရှင်ဇာတ်ကားတွင်
စိတ်ဝေဒနာရှင် အမျိုးသမီးအဖြစ် ပါဝင်သရုပ် ဆောင်ထားပြီး ဇာတ်လမ်း
တစ်ခုလုံးကို ဇာတ်ရှိန် မြင့်မားစေ ရန် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့သည့်
အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment