Huawei မှ မင်းသမီး ဝတ်မှုံရွှေရည်အား မြန်မာပြည် Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခဲ့ရာတွင် ဝတ်မှုံရွှေရည်က''ပထမဆုံး အနေနဲ့ ကစ်ကို အခုလို Huawei ရဲ့ Brand Ambassador
အဖြစ် ရွေးချယ် လိုက်တဲ့ အတွက် အရမ်းကို ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။
Huawei တံဆိပ် ဖုန်းတွေဟာ မြန်မာပြည်မှာသာ မက ကမ္ဘာမှပါ အောင်မြင်တဲ့ Brand
တစ်ခု ဖြစ်ပါတယ်။
ဘယ်လောက် အောင်မြင်နေသလဲဆိုရင် လူတိုင်းရဲ့ လက်ထဲမှာ Huawei ဖုန်းတွေကို မြင်နေရတာဟာ အားလုံး ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။
ကစ် နယ်တွေကို ရိုက်ကူးရေးသွားရင်း ပရိသတ်တွေ လက်ထဲမှာ အများအားဖြင့် တွေ့ရတာဟာ Huawei တံဆိပ် ဖုန်းတွေပါပဲ။
ဒါကြောင့်လည်း ကစ်ရဲ့ ပရိသတ်များနဲ့ အတူ Huawei ကို လက်ခံလိုက်ရခြင်း
ဖြစ်ပါတယ်''ဟု ပြောပြခဲ့သည်။ Huawei ရဲ့ Brand Ambassador တစ်ဦးအနေနဲ့
နောက်ပိုင်းတွင်လည်း Huawei နှင့် အတူ ပြည်သူ့ အကျိုးပြု လုပ်ငန်းများတွင်
ပါဝင်လှုပ်ရှားမည် ဖြစ်ကြောင်း ပြောပြခဲ့သည်။
''ကစ် ဒီလို
နှစ်သစ်မှာ Huawei ရဲ့ Brand Ambassador တစ်ဦးအဖြစ် ကမ်းလှမ်း ခံရတာကို
မယုံနိုင် လောက်အောင် အံ့သြ ဝမ်းသာမိပါတယ်။ ကစ် အနေနဲ့လဲ Huawei နဲ့
နောက်ပိုင်းမှာ ကျင်းပသွားမယ့် ပွဲတွေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေမှာ
ပါဝင် လှုပ်ရှားသွားမှာပါ။ ကစ် အနေနဲ့လဲ Huawei Handsets နဲ့ပတ်သက်တဲ့
နည်းပညာတွေကိုလဲ တတ်စွမ်းသလောက် မျှဝေပေးသွားမည့် ဆန္ဒလည်း ရှိပါတယ်။ Huawei
ကို အားပေးသလို ကစ်ကိုလဲ အားပေးကြပါ''ဟု သူမက ပြောပြခဲ့သည်။
Aသူ
မြ၀တီ
No comments:
Post a Comment