Justin Bieberကို ဒေါသ ထိန်းချုပ်ရေး သင်တန်းတွေ သွားတက်ဖို့
တိုက်တွန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ အသက်၂၁နှစ်အရွယ် အလှပဂေး Selena
Gomezဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်
အဆိုတော် Justin Bieber နဲ့ မကြာသေးမီကမှ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်က အိမ်နီးချင်းအိမ်ကို ကြက်ဥနဲ့ပေါက်ခဲ့တာ အပါအ၀င် အသက်
၁၉နှစ်ရှိပြီဖြစ်တဲ့ Justin Bieberရဲ့ အပြုအမူဆိုးတွေ ပြုခဲ့သူဖြစ်ပါတယ်။
“အပြုအမူတွေ တိုးတက်မလာရင်တော့ ချစ်စိတ်ကူးယဉ်ဆန်စရာတွေလဲ
ရှိတော့မှာမဟုတ်ဘူး။” လို့ Selena Gomez က Justin Bieberကိုပြောခဲ့ပြီး
ဒေါသထိန်းချုပ်ရေး သင်တန်းတက်ဖို့ တိုက်တွန်းခဲ့တယ်လို့ အမည်မဖော်လိုသူ
တစ်ဦးက ပြောကြားခဲ့ပါတယ်။ “Selena က Texasကလာတဲ့ ရှေးဆန်တဲ့မိန်းကလေး၊
အပြုအမူကောင်း၊ အကျင့်ကောင်းတွေကို ယုံကြည်တယ်။ သူတို့စုံတွဲကြား
တစ်ယောက်နဲ့တစ်ယောက် အရင်လိုပုံမှန်အတိုင်း အမြင်ပြန်ကြည်ဖို့ Justin
Bieberရဲ့ လုပ်ပုံကိုင်ပုံတွေ ပြုပြင်ကို ပြုပြင်ရမယ်လို့လဲ Selena
ကပြောခဲ့သေးတယ်။” လို့ အဲ့ဒီ့အမည်မဖော်လိုသူက ဆက်ပြောပါတယ်။
ကန်ဒေါ်လာ ၂၀၀၀၀ ပျက်စီးဆုံးရှုံးသွားမှုနဲ့ Justin Bieberရဲ့အိမ်မှာ
ဇန်န၀ါရီလ ၁၄ရက်နေ့က ရဲတွေ ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Ref:starpulse
Trend Myanmar
No comments:
Post a Comment