ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသရှိ ကျေးရွာများမှ
စီးပွားရေး လုပ်ငန်းရှင်နှင့် ဈေးသည်များအား ဇန်န၀ါရီ ၂၀ ရက်နေ့တွင်
ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) မှ ခေါ်ယူတွေ့ဆုံ၍ ဆက်ကြေးအဖြစ်
ဘိလပ်မြေနှင့် ထုံးအိတ်များ တောင်းခံခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၂ ရက်လောက်က KIA ခေါင်းဆောင်တစ်ယောက် ဆင့်ခေါ်လို့ ရွာထဲက
စီးပွားရေးတောင့်တဲ့သူတွေ သွားတာ တော့ သိတယ်၊ ထုံးစံအတိုင်း
ဆက်ကြေးတောင်းတာပဲနေမှာပါ၊ ပြန်ကြားတာက ပေးမယ့် ဆက်ကြေး ငွေအစား
ဘိလပ်မြေနဲ့ ထုံးအိတ်တွေဝယ်ပေးခိုင်းတယ်လို့ သိရတယ် ” ဟု
ညောင်ပင်ရွာသားတစ်ဦးက ပြောသည်။
KIA မှ ဆင့်ခေါ်မှုကြောင့်
သွားရောက်တွေ့ဆုံခဲ့ရသော စီးပွားရေးလုပ်ငန်းရှင် နှင့် ဈေးသည်များမှာ
ညောင်ပင် ကျေးရွာ၊ မပြင်ကျေးရွာ၊ မိုင်းနောင်ကျေးရွာ၊ နန့်မွန်းကျေးရွာ၊
ညောင်ထောက်ကျေးရွာ ၊ လောခုတ်ကျေးရွာနှင့် မံကင်း ကျေးရွာများမှ ဖြစ်ကြောင်း
သိရသည်။
“ တစ်ယောက်ကို ဘိလပ်မြေ ၁၀ အိတ်နဲ့ ထုံး ၅ အိတ်
တောင်းတယ်၊ ဒီလကုန်နောက်ဆုံး သွားသွင်းရမှာပါ ” ဟု အမည်မဖော်လိုသူ
ဈေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောသွားသည်။
မိုးညှင်းမြို့ခံ
တစ်ဦးက “ ဘိလပ်မြေနဲ့ ထုံးအိတ်တောင်းတယ်ဆိုမှတော့ အဆောက်အဦး
ဆောက်ဖို့ပဲဖြစ် မှာပေါ့၊ မံကင်းရွာက အသိတစ်ယောက် လှမ်းပြောတာကတော့ KIA
ခေါင်းဆောင်က ခေါ်တွေ့ပြီး ပစ်ကျင်းတွေ ဘန်ကာတွေဆောက်ဖို့အတွက် ဘိလပ်မြေနဲ့
ထုံးအိတ်တွေ တောင်းတာလို့ ပြောလိုက်တယ်လို့ သိရတယ် ” ဟု
ပြောကြားသွားခဲ့သည်။
အယ်လ်နော်ဆိုင်း
Kachin Daily News
No comments:
Post a Comment