ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာ
စက်မှုဇုန်
အပိုင်း(၄)ရှိMR ကုမ္ပဏီပိုင် မြေကွက်အမှတ် (၉၂/၉၃) တွင် နေထိုင်နေကြသည့်
ကျူးကျော်အိမ်ခြေ များကို
စက်ရုံတည်ဆောက်ရန်အတွက်
ဖယ်ရှားသွားမည်ဖြစ်ပြီး ၎င်းတို့နေထိုင်နိုင်ရန်
မြေနေရာများကိုလည်းပြန်လည်စီစဉ်ပေးသွားမည်ဟု MR ကုမ္ပဏီမှ သိရှိရသည်။
စက်မှုဇုန်မြေတွင် နေထိုင်ကြသည့် ကျူးကျော်အိမ်ခြေ (၃၁၄)လုံးရှိပြီး
၎င်းတို့ပြောင်းရွှေ့နေထိုင်ရန် လှိုင်သာယာမြို့နယ် (၈၆) ဂိတ်ဟောင်းအနီးတွင်မြေ
(၃ဒဿမ ၆၆) ဧကကို ကုမ္ပဏီမှ စီစဉ်ပေးထားကြောင်း MR ကုမ္ပဏီမှ
အကြံပေးအရာရှိဦးနေဝင်းဦး က ပြောသည်။
“ကျွန်တော်တို့ သူတို့
ပြောင်းနေဖို့အတွက် မြေကွက်တွေလည်း ဝယ်ပြီးပါပြီကျူးကျော်ဆိုပြီး
လက်လွတ်စပယ် မလုပ်ပါဘူး နေဖို့ နေရာကို သွားလာရအဆင်ပြေတဲ့နေရာမှာ
လုပ်ပေးထားပါတယ် ဒီနေရာကနေ မတ်လနောက်ဆုံးပြောင်းပေးရမှာပါ ဒီရက်ပိုင်း
အတွင်းမှာပဲ အိမ်ထောင်စုတစ်စုစီအတွက်အမည်ပေါက် မြေပိုင်ဆိုင်ကြောင်း
စာချုပ်ကို လွှဲပြောင်းပေးသွားမယ် ”ဟုဦးနေဝင်း ဦးက ပြောသည်။
အဆိုပါ မြေနေရာတွင် အိမ်ထောင်စုတစ်စုအတွက် (၁၅)ပေ၊ ပေ(၃၀)
အကျယ်အဝန်းရရှိမည်ဖြစ်ပြီး ၎င်းတို့ ပြောင်းရွှေ့ရေး အတွက်
ကူညီပေးသွားမည့်ဖြစ်ကြောင်း၊အိမ်ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ် ငါးသောင်း
(၅၀၀၀၀) ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိ
ကျူးကျော်များနေထိုင်သည့် စက်မှုဇုန်မြေနေရာတွင် ၂၀၀၄ ခုနှစ်က(AMC)ကုမ္ပဏီမှ
ဝန်ထမ်းများကို နေထိုင်ခွင့် ပေးထားခြင်းဖြစ်ပြီးနောက်ပိုင်းတွင်
ကျူးကျော်နေအိမ်များ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
ကျူးကျော်များသည် အဆိုပါ စက်မှုဇုန်မြေနေရာတွင်နေထိုင်လာသည်မှာ(၁၀)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ကို အခုလို နေစရာပြန်စီစဉ်ပေးမယ်
မြေကွက်ပိုင်ဆိုင်ကြောင်းပါလွှဲပေးမယ်ဆိုတော့ ကျွန်မတို့ ဒီကနေ ဖယ်ပေးဖို့
လက်ခံလိုက်ပါတယ်”ကျူးကျော်နေထိုင်သူများကိုယ်စားလှယ် မမိုးမိုးက ပြောသည်။
အဆိုပါ ကျူးကျော်နေအိမ်များ
ဖယ်ရှားပေးရန်အတွက်ကျူးကျော်နေထိုင်သူများနှင့် ကုမ္ပဏီတို့ ၂၀၁၃ ခုနှစ်က
(၆)ကြိမ် တွေ့ဆုံညှိုနှိုင်းခဲ့သော်လည်း ယခုအကြိမ်မှသာ
ပြေလည်သွားခြင်းဖြစ်သည်။
အလားတူ ကျူးကျော်ပြဿနာဖြစ်သည့်
လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီးတွံတေးမြို့သို့သွားသော
လမ်းမကြီးဘေးရှိ ကျူးကျော်အိမ်ခြေ တစ်သောင်း(၁၀၀၀၀)ကျော်ကို
ဇန်နဝါရီ(၁၄)ရက်နှင့်(၁၅)ရက်တွင် ရွာ(၄)ရွာမှရွာသားများနှင့်
အိုးအိမ်ဦးစီး ဌာန၊ စည်ပင်ဝန်ထမ်းများက အင်အားသုံးဖယ်ရှားခဲ့သည်။
Myit Ma Kha Media Group.
No comments:
Post a Comment